BNT - အထက်တန်းရှေ့နေ

BNT - အထက်တန်းရှေ့နေ ▪️ဥပဒေရေးရာအထွေထွေဆွေးနွေးရာ

16/05/2026

🔹 ပြည်သူ့စစ်မှုထမ်း သိမှတ်ဖွယ်ရာ

=========

BY BNT - အထက်တန်းရှေ့နေ

#ရှေ့နေ
#ပြည်သူ့စစ်မှုထမ်း
#စစ်မှုထမ်း
#ဥပဒေ

❍ ၂၀၂၆ခုနှစ်၊ မေ ၁၂ရက်၊ အင်္ဂါနေ့  📰 မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၂၃)_⊜ မြန်မာဓလေ့ထုံးတမ်းဥပဒေတွင်    ဗုဒ္ဓဘာသာဝင်များ၏...
12/05/2026

❍ ၂၀၂၆ခုနှစ်၊ မေ ၁၂ရက်၊ အင်္ဂါနေ့
📰 မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၂၃)_

⊜ မြန်မာဓလေ့ထုံးတမ်းဥပဒေတွင်
ဗုဒ္ဓဘာသာဝင်များ၏ အိမ်ထောင်ခန်း ထိမ်းမြား၊ ကွာရှင်းပြတ်စဲမှုသည် ကာယကံရှင်များ သဘောတူဆန္ဒရှိ၍ ၎င်းအချင်းအရာသည် အတိအလင်းဖြစ်လျှင် အထမြောက်ပါကြောင်း။
⊛ သတင်းစာကြေညာထည့်သွင်းခြင်းသည် အများသိစေရန်ဖြစ်၍ ဥပဒေအရ အတိအလင်းဖြစ်ပါသည်။

BY BNT - အထက်တန်းရှေ့နေ

#ကွာရှင်း #အိမ်ထောင်ရေး #ဥပဒေ #ရှေ့နေ #စာချုပ် #လင်မယား

❝မြန်မာဓလေ့ထုံးတမ်းဥပဒေ❞ နှင့်အညီ  ⊜ အကြင်လင်မယားအဖြစ်မှ  ⊜  နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း။BY BNT - အထက်တန်းရှေ့နေ  #...
10/05/2026

❝မြန်မာဓလေ့ထုံးတမ်းဥပဒေ❞ နှင့်အညီ
⊜ အကြင်လင်မယားအဖြစ်မှ
⊜ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း။

BY BNT - အထက်တန်းရှေ့နေ

#လင်မယား #ကွာရှင်း #အိမ်ထောင်ရေး #ဥပဒေ

❖ အီလက်ထရောနစ် ဆက်သွယ်‌ရေးကွန်ရက်ဖြင့်     ⇔ နှစ်ဦးသဘောတူ        ညှိနှိုင်းဆောင်ရွက်ခြင်း။BY BNT - အထက်တန်းရှေ့နေ  #ဥပဒေ...
10/05/2026

❖ အီလက်ထရောနစ် ဆက်သွယ်‌ရေးကွန်ရက်ဖြင့်
⇔ နှစ်ဦးသဘောတူ
ညှိနှိုင်းဆောင်ရွက်ခြင်း။

BY BNT - အထက်တန်းရှေ့နေ

#ဥပဒေ #အဝေးရောက် #အီလက်ထရောနစ်ပဋိညာဉ်
#စာချုပ် #ဥပဒေ #ရှေ့နေ

❖ နှစ်ဦးသဘောတူ၍. . .      လွတ်လပ်စွာ     ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း။BY BNT - အထက်တန်းရှေ့နေ  #စာချုပ်  #ဥပဒေ  #ကတိစာချု...
10/05/2026

❖ နှစ်ဦးသဘောတူ၍. . .
လွတ်လပ်စွာ
ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း။

BY BNT - အထက်တန်းရှေ့နေ

#စာချုပ် #ဥပဒေ #ကတိစာချုပ် #လင်မယား
#ရှေ့နေ

❙❙❙ ဆက်သွယ်ရေးကွန်ရက်အား အသုံးပြု၍‌ လိမ်လည်ခြင်း၊ ခိုးယူခြင်း၊ အလွှဲသုံးစားပြုခြင်းအပေါ်  တရားတပေါင်ဖြင့် အရေးယူဆောင်ရွက...
28/04/2026

❙❙❙ ဆက်သွယ်ရေးကွန်ရက်အား အသုံးပြု၍‌ လိမ်လည်ခြင်း၊ ခိုးယူခြင်း၊ အလွှဲသုံးစားပြုခြင်းအပေါ် တရားတပေါင်ဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ခုခံခြင်းများ အဆင့်ဆင့်
×××××××××××××××××

❍ ၁။ ပုဒ်မ ၆‌၆(ဂ) ၏ အဓိပ္ပာယ်
"မည်သူမဆို တစ်ဦးတစ်ယောက်သောသူ၏ ပစ္စည်းကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် ဖျက်ဆီးခြင်းပြုရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ တစ်ဦးတစ်ယောက်သောသူ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း။"

❍ ၂။ ပြစ်ဒဏ် သတ်မှတ်ချက်
ပုဒ်မ ၆၆ (ဂ) အတွက် ပြစ်ဒဏ်မှာ -
⊛ ထောင်ဒဏ်: အမြင့်ဆုံး (၃) နှစ် အထိ ဖြစ်စေ။ ငွေဒဏ်: ငွေဒဏ်ဖြစ်စေ။
⊛ ဒဏ်နှစ်ရပ်လုံး: ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါသည်။

❍ ၃။ အမှု၏ သဘောသဘာဝ
⊛ ‌မူဘောင် - ဆက်သွယ်‌‌ရေးကွန်ရက်အသုံးပြု၍ ပစ္စည်းကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် ဖျက်ဆီးခြင်းပြုခြင်းများ။
⊛ ရဲအရေးပိုင်မှု - ရဲအရေးပိုင်သော အမှုဖြစ်သဖြင့် ရဲတပ်ဖွဲ့က ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
⊛ အာမခံလျှောက်ထားခြင်း -
ပုဒ်မ ၆၆ (ဂ) သည် ရာဇဝတ်ကျင့်ထုံးဥပဒေအရ အာမခံမပေးနိုင်သောအမှု ဖြစ်သည်။ သို့သော် တရားရုံးတွင် ခိုင်လုံသော အကြောင်းပြချက်များဖြင့် အာမခံ လျှောက်ထားရယူနိုင်မည်။
⊛ တရားစွဲဆိုခွင့်
ပုဒ်မ ၈၀ (ခ) အရ တရားစွဲဆိုရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် (Sanction) ရယူရန် မဖြစ်မနေ လိုအပ်သည်။

❍ ၄။ အမှုစစ်ဆေးမှု လုပ်ငန်းစဉ် အဆင့်ဆင့်
⊝ အဆင့် (၁) : အမှုဖွင့်လှစ်ခြင်း - တရားလိုဘက်မှ မိမိ၏ ပစ္စည်း သို့မဟုတ် ငွေကြေး ထိခိုက်နစ်နာကြောင်း သက်သေအထောက်အထားများ (ဥပမာ - Kpay လွှဲမှားမှု မှတ်တမ်း၊ Online Scams သက်သေများ) ဖြင့် ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက် (FIR) ရေးဖွင့်ရသည်။
⊝ အဆင့် (၂) : သက်သေခံပစ္စည်း သိမ်းဆည်းခြင်းနှင့် စစ်ဆေးခြင်း - ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည်ဟု ယူဆရသော ဖုန်း၊ ကွန်ပျူတာ သို့မဟုတ် ဆင်းကတ်များကို သိမ်းဆည်းပြီး နည်းပညာဆိုင်ရာ စစ်ဆေးချက်ရယူရန်‌ပေးပို့ရသည်။
⊝ အဆင့် (၃) : Sanction (ခွင့်ပြုမိန့်) တောင်းခံခြင်း - ရဲတပ်ဖွဲ့သည် ဝန်ကြီးဌာနထံမှ တရားစွဲဆိုခွင့်ပြုမိန့် (Sanction) ကို လျှောက်ထားရယူရသည်။
⊝ အဆင့် (၄) : ဥပဒေအကြံတောင်းခြင်း - Sanction ရရှိပါက အမှုတွဲကို သက်ဆိုင်ရာ ဥပဒေရုံးသို့ ပေးပို့ပြီး တရားစွဲရန် သင့်/မသင့် ဥပဒေအရာရှိ၏ အကြံပြုချက်ကို ရယူရသည်။
⊝ အဆင့် (၅) : တရားရုံးသို့ စွဲတင်ခြင်း - ဥပဒေရုံး၏ ခွင့်ပြုချက်ရရှိပါက တရားရုံးသို့ အမှုတွဲတင်ရသည်။
⊝ အဆင့် (၆) : စစ်ဆေးခြင်းနှင့် အမိန့်ချခြင်း - တရားရုံးက တရားလိုပြသက်သေများကို စစ်ဆေးခြင်း၊ တရားခံအား စွဲချက်တင် (Charge) ခြင်း၊ တရားခံဘက်မှ ပြန်လည်ခုခံခြင်း (Defense) များ ပြုလုပ်ပြီးနောက် အမိန့်ချမှတ်ပါသည်။

❍ ၅။ ခုခံချေပရာတွင် သတိပြုရန်အချက်များ
ရည်ရွယ်ချက်
⊝ ပုဒ်မ၆၆ (ဂ) တွင် "ခိုးယူရန်၊ လိမ်လည်ရန် ရည်ရွယ်ချက်" ပါရှိရမည်ဖြစ်သဖြင့် မိမိတွင် ထိုသို့သော မသမာသည့် ရည်ရွယ်ချက် မရှိကြောင်း (ဥပမာ - မှားယွင်းလွှဲမိခြင်း၊ နည်းပညာချို့ယွင်းခြင်း) သက်သေပြရန် လိုအပ်သည်။
⊝ နည်းပညာဆိုင်ရာ အထောက်အထား - မိမိ၏ အကောင့် သို့မဟုတ် ဖုန်းကို အခြားသူတစ်ဦးက ခိုးယူအသုံးပြုသွားခြင်း ဖြစ်ပါက ထိုအချက်ကို Sanction စာရွက်ပါ အချက်အလက်များနှင့် ယှဉ်ထိုး၍ ခုခံရမည်။

❙❙ သတိပြုရန်အချက်များ
×××××××××××××××××
⊝ ပုဒ်မ ၆၆ (ဂ) ၏ ပြစ်ဒဏ်
ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် (၃) နှစ် အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။

⊝ ပုဒ်မ ၆၆ (ဂ) သည် ပစ္စည်းနှင့် ငွေကြေးဆိုင်ရာ အလွဲသုံးစားမှုများအတွက် ပြင်းထန်သော ပုဒ်မတစ်ခု ဖြစ်သဖြင့်
◉ တရားလို/တရားခံများမှ ရှေ့နေနှင့် သေချာတိုင်ပင်ပြီး Digital Evidence များကိုစနစ်တကျ ပြင်ဆင်ရန် အရေးကြီးပါသည်။

BY BNT - အထက်တန်းရှေ့နေ

အား credit ပေး၍ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်သည်။

#၆‌၆ #ဂ #‌ပုဒ်မ၆၆ #လိမ်လည်မှု #ခိုးမှု #အွန်လိုင်း #‌ဥပဒေ #ဆက်သွယ်ရေး #ဥပဒေ #အွန်းလိုင်းလိမ်လည်မှု #ကျားဖျန့် #ရှေ့နေ #ပုဒ်မ၄၂၀ပုဒ်မ၄၀‌၆

❙❙ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နှင့် ၄၀၆ ဖြင့် အမှုဖွင့်ခံရသည့်အခါ―――――❋ ​လိမ်လည်မှု သို့မဟုတ် ပစ္စည်းယုံကြည်အပ်နှံမှုကို ဖောက်ဖ...
25/04/2026

❙❙ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နှင့် ၄၀၆ ဖြင့် အမှုဖွင့်ခံရသည့်အခါ
―――――
❋ ​လိမ်လည်မှု သို့မဟုတ် ပစ္စည်းယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှုများအတွက် တရားလိုနှင့် တရားခံတို့ ဖြတ်သန်းရမည့် အဆင့်ဆင့်_

​⇒ ၁။ တရားလိုဘက်မှ ဆောင်ရွက်ချက်များ (Prosecution Side)
⦿ အမှုဖွင့်ခြင်း (FIR)
မိမိအား လိမ်လည်ခံရသည့် အထောက် အထားများ (ဥပမာ - ငွေလွှဲပြေစာများ၊ စာချုပ်များ၊ တခြားသောအချက်အလက်အ‌ထောက်အထားများ၊ Chat logs များ) ဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက် (FIR) ရေးဖွင့်ရပါသည်။
⦿ သက်သေခံပစ္စည်း အပ်နှံခြင်း
အမှုနှင့် သက်ဆိုင်သည့် အချက်အလက်ဆိုင်ရာ အထောက်အထားများ၊ ကတိဝန်ခံ ချက် စာချုပ်စာတမ်းမူရင်းများကို ရဲတပ်ဖွဲ့ထံ တင်ပြအပ်နှံရပါသည်။
⦿ စစ်ဆေးခံခြင်း
တရားလိုကိုယ်တိုင်နှင့် ဖြစ်စဉ်ကို သိရှိသည့် သက်သေများက ရဲစခန်းတွင် အသေးစိတ် ထွက်ဆိုချက် ပေးရပါသည်။
⦿ တရားစွဲဆိုခြင်း
ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးပါက ဥပဒေရုံးသို့ အမှုတွဲတင်ပြ၍ ဥပဒေအကြံပြုချက်ဖြင့် တရားရုံးသို့ တရားစွဲတင်ရပါသည်။

​⇒ ၂။ တရားခံဘက်မှ ဆောင်ရွက်ချက်များ (Defense Side)
⦿ ​ဖမ်းဆီးခံရခြင်း
ပုဒ်မ ၄၂၀ နှင့် ၄၀၆ သည် ရဲအရေးပိုင်သော (Cognizable) ပြစ်မှုများဖြစ်သဖြင့် ရဲတပ်ဖွဲ့မှ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပါသည်။
⦿ ​အာမခံလျှောက်ထားခြင်း (Bail)
◈ ပုဒ်မ ၄၂၀: အာမခံပေးနိုင်သော ပုဒ်မဖြစ်သဖြင့် ရဲစခန်းတွင် ခိုင်လုံသော အာမခံလူကြီးများဖြင့် အာမခံလျှောက်ထားနိုင်ပါသည်။
◈ ပုဒ်မ ၄၀၆: အာမခံ မပေးနိုင်သော (Non-bailable) ပုဒ်မဖြစ်သော်လည်း၊ တရားသူကြီး၏ ဆင်ခြင်တုံတရားဖြင့် အခြေအနေပေါ်မူတည်၍ အာမခံ လျှောက်ထားခွင့်ရှိပါသည်။ လက်ရှိတွင် အာမခံ ပေးလျက်ရှိပါသည်။
⦿ ​အမှုစစ်ဆေးစဉ်ကာလ
ရဲစခန်းစစ်ဆေးချက်တွင် ထွက်ဆိုချက်ပေးရမည်ဖြစ်ပြီး၊ အာမခံရရှိပါက အမှုစစ်ဆေးနေစဉ် ပြင်ပတွင် နေထိုင်ခွင့်ရှိပါသည်။
⦿ ​ခုခံချေပခြင်း
တရားရုံးတွင် ရှေ့နေငှားရမ်း၍ တရားလိုပြသက်သေများကို ပြန်လှန်စစ်မေးခြင်း၊ မိမိဘက်မှ အပြစ်မရှိကြောင်း အထောက်အထားများ တင်ပြခြင်းတို့ဖြင့် ခုခံရပါသည်။

​⇒ ၃။ အမှုစစ်ဆေးမှု အဆင့်ဆင့်
◈ ​အမှုဖွင့်ခြင်း: ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ သို့မဟုတ် ၄၀၆ ဖြင့် အမှုဖွင့်လှစ်ခြင်း။
◈ ​စုံစမ်းစစ်ဆေးခြင်း: ရဲတပ်ဖွဲ့မှ သက်သေများကို စစ်ဆေးခြင်း၊ ပစ္စည်းနှင့် ငွေကြေးစီးဆင်းမှုများကို လိုက်လံစစ်ဆေးခြင်း။
◈ ​ဥပဒေအကြံတောင်းခြင်း: အမှုခိုင်လုံမှု ရှိ/မရှိ ဥပဒေအရာရှိထံမှ အကြံပြုချက်ရယူခြင်း။
◈ ​တရားစွဲတင်ခြင်း: ဥပဒေရုံးခွင့်ပြုချက်ဖြင့် တရားရုံးသို့ အမှုတွဲတင်ပို့ခြင်း။ တရားလိုဘက်မှ ရှေ့နေငှားရမ်း၍ တရားလို၊ တရားခံ ၊ ပြသက်‌သေများစစ်ဆေးနိုင်ခြင်း။
◈ ​စွဲချက်တင်အဆင့် (Charge): တရားလိုပြသက်သေများကို စစ်ဆေးပြီး အမှုပေါ်ပေါက်ပါက တရားသူကြီးက စွဲချက်တင်ပါသည်။
◈ ​ခုခံချေပခြင်း: တရားခံဘက်မှ သက်သေများ တင်ပြခြင်း၊ လျှောက်လဲချက်ပေးခြင်း။
◈ ​အမိန့်ချမှတ်ခြင်း: ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခြင်း။ (၄၂၀ နှင့် ၄၀၆ သည် ဒဏ်ငွေအပြင် ထောင်ဒဏ်ပါ ချမှတ်နိုင်သည့် ပုဒ်မများဖြစ်သည်)။

​⇒ သတိပြုရန်အချက်များ
◈ ​ပုဒ်မ ၄၂၀ ၏ ပြစ်ဒဏ်: ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
◈ ​ပုဒ်မ ၄၀၆ ၏ ပြစ်ဒဏ်: ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
◈ ​ကျေအေးခြင်း: ပုဒ်မ ၄၂၀ သည် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ကျေအေးခွင့်ရှိသော ပုဒ်မ ဖြစ်သော်လည်း၊ ၄၀၆ မှာမူ ကျေအေး၍ မရသော ပုဒ်မဖြစ်ကြောင်း သတိပြုသင့်ပါသည်။

BY BNT - အထက်တန်းရှေ့နေ

အား Credit ပေး‌၍ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။

#ရှေ့နေ #‌ဥပဒေ #ပုဒ်မ #လိမ်လည်မှု #‌၄၂၀ #၄၀၆ #ပုဒ်မ၄၂၀ပုဒ်မ၄၀‌၆ #ယုံကြည်ဖောက်ဖျက်မှု #အလွဲသုံးစား #စာချုပ်

▪️၂၀၂၆ခုနှစ်၊ ဧပြီလ ၂၅ရက်။ "မြန်မာ့အလင်းသတင်းစာ ကြေညာ စာမျက်နှာ (၂၀)"▪️မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ            စွန့်ပစ...
25/04/2026

▪️၂၀၂၆ခုနှစ်၊ ဧပြီလ ၂၅ရက်။
"မြန်မာ့အလင်းသတင်းစာ ကြေညာ စာမျက်နှာ (၂၀)"

▪️မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ
စွန့်ပစ်မှုခံယူခြင်း။

➪ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ
လင်က မယားအား ဆက်သွယ်ခြင်းမပြု၊
ထောက်ပံ့ခြင်းမရှိဘဲ ၃နှစ်တိုင်တိုင်
စွန့်ပစ်လျှင် မယားမှ ကွာရှင်းပြတ်စဲခွင့်ရှိသည်။
၎င်းနည်းအတူ မယားဖြစ်သူက
လင်ဖြစ်သူအား ၁နှစ်တိုင်တိုင်
စွန့်ပစ်လျှင် လင်မှ ကွာရှင်းခွင့်ရှိသည်။

လွှဲအပ်ညွှန်ကြားချက်အရ -

BY BNT - အထက်တန်းရှေ့နေ

#သတင်းစာ #ကြေညာ #မြန်မာ့အလင်း #လင်မယား #စွန့်ပစ်မှု

❙❙ပုဒ်မ ၆၆ (ဃ) နှင့်အမှုဖွင့်ခံရသည့်အခါ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ) တရားတပေါင်ဖြစ်သည့်အပေါ် တရားလိုဘက်၊ တရားခံဘက်မှ ဖြတ်သန်...
12/04/2026

❙❙ပုဒ်မ ၆၆ (ဃ) နှင့်အမှုဖွင့်ခံရသည့်အခါ
ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ) တရားတပေါင်ဖြစ်သည့်အပေါ် တရားလိုဘက်၊ တရားခံဘက်မှ ဖြတ်သန်းရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်
×××××××××××××××
⇒ ​၁။ တရားလိုဘက်မှ ဆောင်ရွက်ချက်များ
(Prosecution Side)
‣ အမှုဖွင့်ခြင်း
မိမိအား ဂုဏ်သိက္ခာညှိနွမ်းစေခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ခံရသည့် အထောက်အထားများ (ဥပမာ - Screenshot များ) ဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ရပါသည်။
‣ ​သက်သေခံပစ္စည်းအပ်နှံခြင်း
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အချက်အလက်များပါဝင်သော ဖုန်း၊ ကွန်ပျူတာ သို့မဟုတ် အကောင့်လင့်ခ် (Link) များကို ရဲတပ်ဖွဲ့ထံ အပ်နှံရပါသည်။
‣ ​စစ်ဆေးခံခြင်း
တရားလိုနှင့် တရားလိုပြသက်သေများက ရဲစခန်းတွင် ထွက်ဆိုချက် ပေးရပါသည်။
‣ ​တရားစွဲဆိုခြင်း
ဝန်ကြီးဌာန၏ နည်းပညာစစ်ဆေးချက် (Sanction) ကျလာပြီးနောက် ဥပဒေရုံး၏ အကြံပြုချက်ဖြင့် တရားရုံးသို့ တရားစွဲတင်ရပါသည်။

⇒ ​၂။ တရားခံဘက်မှ ဆောင်ရွက်ချက်များ
(Defense Side)
‣ ​ဖမ်းဆီးခံရခြင်း သို့မဟုတ် အဖမ်းခံခြင်း
အမှုဖွင့်ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း (သို့မဟုတ်) မိမိက လူကိုယ်တိုင် သွားရောက်အဖမ်းခံခြင်း ပြုလုပ်ရပါသည်။
‣ ​အာမခံလျှောက်ထားခြင်း (Bail)
ပုဒ်မ ၆၆ (ဃ) သည် အာမခံပေး၍ရသော ပုဒ်မဖြစ်သဖြင့် ဦးစွာပထမ ရဲစခန်း၌ အာမခံ/ခံဝန် ‌ချုပ်ဆိုရမည်။ အာမခံလူကြီး (၂) ဦးဖြင့် အာမခံလျှောက်ထားနိုင်ပါသည်။
‣ ​အမှုစစ်ဆေးစဉ်ကာလ
ရဲစခန်းက စစ်ဆေးသည့်အခါ ထွက်ဆိုချက်ပေးရပါသည်။ တရားရုံးသို့ အမှုမရောက်မီအထိ အာမခံဖြင့် ပြင်ပတွင် နေထိုင်နိုင်ပါသည်။
‣ ​တရားရုံးတွင် ခုခံချေပခြင်း
တရားရုံးသို့ အမှုရောက်လျှင် ရှေ့နေငှားရမ်း၍ အာမခံလျှောက်ထားခြင်း၊တရားလိုပြ သက်သေများကို ပြန်လှန်စစ်မေးခြင်း၊ မိမိဘက်မှ သက်သေများတင်ပြခြင်းဖြင့် ခုခံချေပရပါသည်။

⇒ ​၃။ အမှုစစ်ဆေးမှု အဆင့်ဆင့်
၁။ အမှုဖွင့်ခြင်း ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက် (FIR) ရေးဖွင့်ခြင်း။
၂။ Sanction တင်ခြင်း ရဲတပ်ဖွဲ့က ဆက်သွယ်ရေးဝန်ကြီးဌာနသို့ နည်းပညာစစ်ဆေးချက် တောင်းခံခြင်း (၁ လ မှ ၆ လခန့် ကြာနိုင်သည်)။
၃။ အာမခံယူခြင်း တရားခံက ရဲစခန်းအဆင့်တွင် ခံဝန်ချုပ်ဖြင့် အာမခံယူခြင်း။
၄။ ဥပဒေအကြံတောင်းခြင်း Sanction ကျလာပါက အမှုတွဲကို ဥပဒေရုံးသို့ ပို့ဆောင်ပြီး တရားစွဲရန် သင့်/မသင့် အကြံတောင်းခြင်း။
၅။ တရားစွဲတင်ခြင်း ဥပဒေရုံးက ခွင့်ပြုပါက တရားရုံးသို့ အမှုတွဲ စွဲတင်ခြင်း။
၆။ စွဲချက်တင်အဆင့် တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက် တရားသူကြီးက စွဲချက်တင် (Charge) သင့်/မသင့် ဆုံးဖြတ်ခြင်း။
၇။ ခုခံချေပခြင်း စွဲချက်တင်ခံရပါက တရားခံဘက်မှ သက်သေများဖြင့် ပြန်လည်ခုခံခြင်း။
၈။ အမိန့်ချမှတ်ခြင်း နှစ်ဖက်လျှောက်လဲချက်ကြားနာပြီးနောက် ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) အပြီးလွှတ် အမိန့်ချခြင်း။

သတိပြုရန်အချက်များ
×××××××××××××××××
⇒ ပုဒ်မ၆၆ (ဃ) ၏ ပြစ်ဒဏ်
ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် (၂) နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
⇒ အာမခံ
အမှုစစ်ဆေးနေစဉ်/တရားရုံးစစ်ဆေးကာလတစ်လျှောက်လုံး အာမခံစည်းကမ်းများကို လိုက်နာပါက ပြင်ပတွင် နေထိုင်ခွင့်ရှိပါသည်။

BY BNT - အထက်တန်းရှေ့နေ

အား Credit ပေး၍ လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။

#‌ဥပဒေ #၆၆ #ပုဒ်မ #ဆက်သွယ်ရေး #အသရေဖျက်မှု #နှောင့်ယှက်မှု #အွန်လိုင်း #ရှေ့နေ

⊿_သင်္ကြန်အခါသမယမှာ. . .○ဥပဒေရေးရာအကြောင်းကိစ္စများနှင့်ပတ်သက်၍. . . ဆွေးနွေးတိုင်ပင် အကြံရယူလိုပါက BNT - အထက်တန်းရှေ့နေ...
12/04/2026

⊿_သင်္ကြန်အခါသမယမှာ. . .
○ဥပဒေရေးရာအကြောင်းကိစ္စများနှင့်ပတ်သက်၍. . . ဆွေးနွေးတိုင်ပင် အကြံရယူလိုပါက BNT - အထက်တန်းရှေ့နေ Page ၏ Message Box သို့ တိုင်ပင် အကြံရယူနိုင်ပါသည်။

#ရှေ့နေ #‌ဥပဒေ #ကြေညာ

▪️၂၈ရက်၊ ၃လ၊ ၂၀၂၆ခုနှစ်။     "မြန်မာ့အလင်းသတင်းစာ ကြေညာ စာမျက်နှာ (၂၉)"▪️မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ စွန့်ပစ်မှုခံယူခ...
28/03/2026

▪️၂၈ရက်၊ ၃လ၊ ၂၀၂၆ခုနှစ်။
"မြန်မာ့အလင်းသတင်းစာ ကြေညာ စာမျက်နှာ (၂၉)"
▪️မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ စွန့်ပစ်မှုခံယူခြင်း။

လွှဲအပ်ညွှန်ကြားချက်အရ -

BY BNT - အထက်တန်းရှေ့နေ

#သတင်းစာ #ကြေညာ #မြန်မာ့အလင်း #လင်မယား #စွန့်ပစ်မှု

Address

Mandalay

Alerts

Be the first to know and let us send you an email when BNT - အထက်တန်းရှေ့နေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category