Royal Crown Law Firm

Royal Crown Law Firm အခမဲ့ဆွေးနွေတိုင်ပင်ခြင်းသီးခံပါ။

13/08/2025

မန္တလေးအိမ်ခြံမြေ ရောင်းမှားဝယ်မှား မဖြစ်စေရန် အောက်ပါအဆင့်ဆင့်လုပ်ဆောင်ရမည့် နည်းလမ်းမှာ

# # # 1. **မြေအမျိုးအစားနှင့် ပိုင်ဆိုင်မှုစိစစ်ခြင်း**
- **မြေအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း**: ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ စသည်ဖြင့် လူနေထိုင်ခွင့်ရှိသော မြေအမျိုးအစားကို အရင်စစ်ဆေးပါ။ အမွေဆက်ခံသူမှ ရောင်းချသည့်မြေ သို့မဟုတ် ဂရန်အမည်ပေါက်ကိုယ်တိုင်မဟုတ်ပါက ဝယ်ယူရန် မသင့်ပါ။
- **မြေစာရင်းစစ်ဆေးခြင်း**: မြို့နယ်မြေစာရင်းဦးစီးဌာန (သို့) စည်ပင်သာယာရေး ကော်မတီတွင် အောက်ပါအချက်များ စစ်ဆေးပါ:
- ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ ဧရိယာ မှန်ကန်မှု။
- မူလကန့်ကွက်ချက်များ ရှိ/မရှိ။
- ကျူးကျော်နေထိုင်သူများ ရှိ/မရှိ။

# # # 2. **စာချုပ်မတိုင်မီ ကြိုတင်ဆောင်ရွက်ချက်များ**
- **ကန့်ကွက်ကြေညာခြင်း**: ဝယ်ယူမည့်မြေအတွက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်သူရှိ/မရှိ ကြေညာရန် လိုအပ်သည်။ ကန့်ကွက်သူပေါ်လာပါက စရန်ငွေ (၂)ဆ ပြန်ပေးရန် ရောင်းသူက တာဝန်ရှိသည်။
- **စရန်ပေးစာချုပ်ချုပ်ဆိုခြင်း**: စုစုပေါင်းတန်ဖိုး၏ ၁၀-၃၀% ကို စရန်အဖြစ်ပေးချေပြီး စာချုပ်ချုပ်ဆိုပါ။ ဥပမာ: ကျပ်သိန်း ၁,၀၀၀ တန်မြေအတွက် ကျပ်သိန်း ၁၀၀ ပေးချေခြင်း။

# # # 3. **တရားဝင်စာချုပ်ချုပ်ဆိုခြင်း**
- **ပါဝင်ရမည့်အချက်များ**:
- ပိုင်ဆိုင်မှုအချက်အလက် (တည်နေရာ၊ ဧရိယာ)။
- ဈေးနှုန်း၊ ငွေပေးချေမှုအစီအစဉ်။
- အခွန်နှင့်စရိတ်များ ခွဲဝေမှု။
- **လက်မှတ်ရေးထိုးသူများ**:
- ဇနီး/ခင်ပွန်း သို့မဟုတ် အကျိုးခံစားခွင့်ရှိသူများအား စာချုပ်တွင် လက်မှတ်ရေးထိုးစေရမည်။
- အမွေဆက်ခံသူများမှ ရောင်းချပါက ဆွေမျိုးအားလုံး၏ သဘောတူညီမှု လိုအပ်သည်။

RC #

13/08/2025
ကျွန်တော်တို့ Law Firm မှ အထူးအစီစဉ်အနေဖြင့်ငလျင်ဘေးကြောင့် မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ ပျက်စီး ပျောက်ဆုံးခြင်းမျာ...
21/04/2025

ကျွန်တော်တို့ Law Firm မှ အထူးအစီစဉ်အနေဖြင့်
ငလျင်ဘေးကြောင့် မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ ပျက်စီး ပျောက်ဆုံးခြင်းများအတွက် ရုံးဌာနဆိုင်ရာများတွင် ပြန်လည်လျှောက်ထားရယူခြင်း လုပ်ငန်းစဉ်များအတွက် ဝန်ဆောင်ခ တစ်ဝက်နှုန်းထားဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ‌အသိပေးအပ်ပါသည်။

Lawyer
Naing Lin Oo

Royal Crown Law Firm

Breaking Newsအမရပူရမြို့နယ်MDYစည်ပင်ပိုင်နက်အတွင်း ရွာမြေအမျိုးအစားတွင်ပါဝင်သော မြေများ အနေကြာ ဂရန်လျှောက်ထားလို့ရပါပြီ ...
08/12/2024

Breaking News

အမရပူရမြို့နယ်MDYစည်ပင်ပိုင်နက်အတွင်း ရွာမြေအမျိုးအစားတွင်ပါဝင်သော မြေများ
အနေကြာ ဂရန်လျှောက်ထားလို့ရပါပြီ ခင်ဗျာ။😍

09962216798
Lawyer

16/06/2024

# # #ခရိုင်များပြောင်းလဲသတ်မှတ်ခြင်း.....

ကျောက်တံတား မြို့နယ်
ပန်းဘဲတန်း မြို့နယ်
လသာ မြို့နယ်
လမ်းမတော် မြို့နယ်
ဒဂုံ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ကျောက်တံတား ခရိုင်ဟုပြောင်းသည်။

အလုံ မြို့နယ်
ကြည့်မြင်တိုင် မြို့နယ်
စမ်းချောင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အလုံ ခရိုင် ဟုပြောင်းသည်။

မရမ်းကုန်း မြို့နယ်
လှိုင် မြို့နယ်
မြောက်ဥက္ကလာ မြို့နယ်
၃ မြို့နယ် ပေါင်း၍
မရမ်းကုန်း ခရိုင် ဟုပြောင်းသည်။

ကမာရွတ် မြို့နယ်
ဗဟန်း မြို့နယ်
၂ မြို့နယ် ပေါင်း၍
ကမာရွတ် ခရိုင် ဟုပြောင်းသည်။

သင်္ဃန်းကျွန်း မြို့နယ်
တောင်ဥက္ကလာပ မြို့နယ်
ရန်ကင်း မြို့နယ်
တာမွေ မြို့နယ်
၄ မြို့နယ် ပေါင်း၍
သင်္ဃန်းကျွန်း ခရိုင် ဟုပြောင်းသည်။

ဗိုလ်တစ်ထောင် မြို့နယ်
ဒေါပုံ မြို့နယ်
မင်္ဂလာတောင်ညွန့် မြို့နယ်
ပုဇွန်တောင် မြို့နယ်
သာကေတ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ဗိုလ်တစ်ထောင် ခရိုင် ဟုပြောင်းသည်။

ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်
ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်
၄ မြို့နယ် ပေါင်း၍
ဒဂုံမြို့သစ် ခရိုင် ဟုပြောင်းသည်။

သန်လျှင် မြို့နယ်
ကျောက်တန်း မြို့နယ်
သုံးခွ မြို့နယ်
ခရမ်း မြို့နယ်
ကိုကိုးကျွန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
သန်လျှင် ခရိုင် ဟုပြောင်းသည်။

တွံတေး မြို့နယ်
ဆိပ်ကြီးခနောင်တို မြို့နယ်
ဒလ မြို့နယ်
ကော့မှူး မြို့နယ်
ကွမ်းခြံကုန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
တွံတေး ခရိုင် ဟုပြောင်းသည်။

အင်းစိန် မြို့နယ်
လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်
လှိုင်သာယာ အနောက်ပိုင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အင်းစိန် ခရိုင် ဟုပြောင်းသည်။

မင်္ဂလာဒုံ မြို့နယ်
ရွှေပြည်သာ မြို့နယ်
၂ မြို့နယ် ပေါင်း၍
မင်္ဂလာဒုံ ခရိုင် ဟုပြောင်းသည်။

မှော်ဘီ မြို့နယ်
ထန်းတပင် မြို့နယ်
၂ မြို့နယ် ပေါင်း၍
မှော်ဘီ ခရိုင် ဟုပြောင်းသည်။

လှည်းကူး မြို့နယ် အား
လှည်းကူး ခရိုင် ဟုပြောင်းသည်။

တိုက်ကြီး မြို့နယ် အား
တိုက်ကြီး ခရိုင် ဟုပြောင်းသည်။

စုစုပေါင်းခရိုင်14 ခု ပါ၊

28/05/2024

Update News
အမရပူရမြို့နယ် အတွင်းရှိ အောက်ဖော်ပြပါရွာမြေအမျိုးအစားတွင်ပါဝင်သောမြေကွက်များ အနည်းဆုံးဧရိယာ ၂၀×၄၀ပေနှင့်အထက်မြေကွက်များ အနေကြာဂရန်လျှောက်ထား၍ ရပါကြောင်း။
၁. ရွေဂွမ်းထုပ်
၂.ဆင်စွယ်ပွတ်
၃.စျေးချို ၁
၄.စျေးချို ၂
၅.လေးစု
၆.ရွေကြက်ယက်
၇.ငယ်တိုး အတွင်းရှိ မူလရွာမြေအမျိုးအစားတွင်ပါဝင်သောမြေများအားလုံး အနေကြာဂရန်လျှောက်ထားရပါကြောင်း။
အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

09962216798

ကိုယ့်တွေ Customer နဲ့ Golden Nan Oo Lwin ဆောက်လုပ်ရေးနဲ့ Construction လုပ်ငန်းအပ်နံစာချုပ်လေးစာချုပ်အမျိုးအစားစုံလင်စွာ...
19/05/2024

ကိုယ့်တွေ Customer နဲ့ Golden Nan Oo Lwin ဆောက်လုပ်ရေးနဲ့ Construction လုပ်ငန်းအပ်နံစာချုပ်လေး
စာချုပ်အမျိုးအစားစုံလင်စွာဖြင့် ကာကာတွေကို ဝန်ဆောင်မှု အပြည့်အဝဆောင်ရွက်ပေးနေပါတယ်နော်။

Admin Lawyer က ရင်းနှီးတဲ့သူတွေဆို မြောက်ပြင်ဘက်ထိ စာချုပ်လိုက်ချုပ်ပေးတယ်နော်။ဘေးက မော်ဒယ် ပွဲစားမမကြီး😆
18/05/2024

Admin Lawyer က ရင်းနှီးတဲ့သူတွေဆို မြောက်ပြင်ဘက်ထိ စာချုပ်လိုက်ချုပ်ပေးတယ်နော်။
ဘေးက မော်ဒယ် ပွဲစားမမကြီး😆

09962216798 ဖုန်းဆင်းကဒ်ပျက်သွားပါသဖြင့်အောက်ပါဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်။1. 099820662712. 0976511...
18/04/2024

09962216798 ဖုန်းဆင်းကဒ်ပျက်သွားပါသဖြင့်
အောက်ပါဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်။
1. 09982066271
2. 09765117471

18/04/2024

19.8.2024
ရုံးပြန်ဖွင့်ပါပြီ
လုပ်ငန်းများပြန်လည်လည်ပတ်ပါပြီဖြစ်ကြောင်း ။
😍😍😍

20/02/2024

Roayl Crown Law Firm မှ ‌ပညာသင် ရှေ့နေ
မ(၂)ဦးအလိုရှိသည်။

၁။ အလုပ်သင်ရှေ့နေ (သို့)ရှေ့နေလိုင်စင်ရပြီးသူများ လျှောက်ထားနိုင်ပါသည်။
၂။ လစာအနေနဲ့ပေးအပ်မည်မဟုတ်ပါ။(ကြိုးစားမှုနှင့်အရည်အချင်းအပေါ်မူတည်ပြီး ချီးမြှင့်ငွေပေးအပ်သွားမည်။ )
၃။ ထို့အပြင် မိမိကိုယ်တိုင် အိမ်ခြံမြေရှေ့နေအဖြစ်လုပ်ကိုင်နိုင်သည်အထိ ပညာသင်ကြားပံပိုးပေးသွားမည်။
၄။ အိမ်ခြံမြေစာချုပ်စာတမ်းကိစ္စရပ်များအား စိတ်ပါဝင်စားမှုရှိသူဖြစ်ရမည်။
၅။ နေ့စဥ်လုပ်ငန်းများလုပ်ဆောင်ရာတွင် ဆိုင်ကယ်ဆီဖိုးထောက်ပံပေးပါမည်။

အထက်ပါအချက်အလက်နှင့်ကိုက်ညီများ အောက်ဖော်ပြပါလိပ်စာသို့ CV (၁.၃.၂၀၂၄)ရက်နေ့နောက်ဆုံးထား၍ကိုယ်ရေးအကျဥ်း ‌မှတ်ပုံတင် အိမ်ထောင်စုဇယား ဓာတ်ပုံတို့ပူးတွဲ၍ လာရောက်လျှောက်ထားနိုင်ပါသည်။ ရှေ့နေလိုင်စင်ရပြီးသူများ လိုင်စင် မိတ္တူပူးတွဲတင်ပြပေးရမည်။
ရွေးချယ်ခံရသည့် CV များကိုသာ ၂ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

Royal Crown Law Firm
58Bလမ်း ၊ 114D လမ်းထောင့် ၊ ကံသာရပ်ကွက် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။
09962216798

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959962216798

Website

Alerts

Be the first to know and let us send you an email when Royal Crown Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Crown Law Firm:

Share