MTWL Legal

MTWL Legal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MTWL Legal, Lawyer & Law Firm, 64(A) Street, Between 20 & 21 Streets, Mandalay.

Happy Chinese New Year! 🏮🧧Hope this year brings y’all happiness, blessings, good vibes, and lots of wins. May fortune fo...
17/02/2026

Happy Chinese New Year! 🏮🧧

Hope this year brings y’all happiness, blessings, good vibes, and lots of wins. May fortune follow y’all everywhere you go! 🎈🎊

Gōngxǐ fācái 🎉

လူကြီးမင်းတို့အနေနဲ့ လုပ်ငန်းကို ပြည်တွင်းမှာသာမက ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတကာဈေးကွက်တွေဆီ ခြေဆန့...
06/02/2026

လူကြီးမင်းတို့အနေနဲ့ လုပ်ငန်းကို ပြည်တွင်းမှာသာမက ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတကာဈေးကွက်တွေဆီ ခြေဆန့်ဖို့ စိတ်ကူးရှိပေမယ့်... ဘယ်ကစရမလဲ ဝေခွဲမရ ဖြစ်နေပါသလား?

ဒီအခက်အခဲအားလုံးကို ဖြေရှင်းပေးနိုင်တာကတော့ MTWL Legal ရဲ့ "Treasurer Package" ပဲ ဖြစ်ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းရဲ့ Corporate Secretariat အဖြစ် တာဝန်ယူပေးမှာဖြစ်ပြီး "ကျနော့်ရှေ့နေလာမှ စကားပြောမယ်" လို့ ယုံကြည်ချက်ရှိရှိ ပြောနိုင်အောင် ကျွန်တော်တို့က အနီးကပ် ဝန်းရံပေးသွားမှာပါ။

✨ Treasurer Package မှာ ဘာတွေပါဝင်သလဲ?

✅ Multi-Country Setup - မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊အင်ဒိုနီးရှားနိုင်ငံတွေမှာ လုပ်ငန်းမှတ်ပုံတင်ခြင်း (DICA, BOI, DBD)။

✅ Legal Representation - ဗီဇာ၊ အလုပ်သမားကတ် (Non-B, Smart Visa) နဲ့ အစိုးရရုံးဌာနဆိုင်ရာ ကိစ္စရပ်အားလုံးကို ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခြင်း။

✅Contract & Policy - လုပ်ငန်းဆိုင်ရာ စာချုပ်စာတမ်းများ ရေးသားခြင်း၊ အကြံပေးခြင်းနှင့် Whistleblower Policy များ ချမှတ်ပေးခြင်း။

✅Problem Solving - ရှယ်ယာရှင်များကြား ညှိနှိုင်းပေးခြင်းနှင့် အငြင်းပွားမှုများကို ဒေသခံလိုင်စင်ရရှေ့နေများနှင့် ပူးပေါင်းဖြေရှင်းပေးခြင်း။

✅Systematic Management - လုပ်ငန်းအဆင့်မြှင့်တင်ရန် လိုအပ်သော အသိအမှတ်ပြုလက်မှတ်များရယူခြင်းနှင့် စနစ်တကျလည်ပတ်နိုင်အောင် စီမံပေးခြင်း။

🎯 ဘယ်သူတွေအတွက်လဲ?

✔️နိုင်ငံရပ်ခြားမှာ လုပ်ငန်းချဲ့ထွင်ချင်ပေမယ့် ဥပဒေနဲ့ စိမ်းနေသူများ။
✔️မိမိကိုယ်စား လုပ်ငန်းကို တိကျသေချာစွာ စီမံခန့်ခွဲပေးမယ့် ဥပဒေအကျိုးဆောင် လိုအပ်သူများ။
✔️စီးပွားရေးအမြင်ရော၊ ဥပဒေအမြင်ပါ ပေါင်းစပ်ပြီး အကာအကွယ်ယူလိုသော လုပ်ငန်းရှင်များ။

လုပ်ငန်းတစ်ခု စတင်ပြီဆိုတာနဲ့ အောင်မြင်မှုနောက်မှာ စိန်ခေါ်မှုတွေက ကပ်ပါလာမြဲပါ အထူးသဖြင့် မြန်မာ၊ ထိုင်း၊အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံစုံမှာ လုပ်ငန်းချဲ့ထွင်ချင်ပေမယ့်...

📍နိုင်ငံတစ်ခုချင်းစီရဲ့ မတူညီတဲ့ ဥပဒေနဲ့လုပ်ထုံးလုပ်နည်းတွေကို နားမလည်တာ။
📍စာချုပ်စာတမ်း အမှားအယွင်းကြောင့် နောင်တစ်ချိန်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရမှာ စိုးရိမ်ရတာ။
📍အစိုးရရုံးဌာနတွေနဲ့ ချိတ်ဆက်ဖို့ အချိန်မပေးနိုင်တာ။
📍လုပ်ငန်းတွင်း အငြင်းပွားမှုတွေ ဖြစ်လာရင် ဘယ်သူ့ကို အားကိုးရမှန်း မသိတာ။

"ပြဿနာတက်မှ ရှေ့နေရှာမယ်" ဆိုတဲ့ အတွေးက သင့်လုပ်ငန်းကို အန္တရာယ်တွင်းထဲ တွန်းပို့နေတာနဲ့ တူပါတယ်။ အရေးကြုံလာတဲ့အခါ ဥပဒေကြောင်းအရ အကာအကွယ်မရှိရင် သင့်ရဲ့ အရင်းအနှီးတွေ၊ ဂုဏ်သိက္ခာတွေနဲ့ အပင်ပန်းခံ တည်ဆောက်ခဲ့ရတဲ့ လုပ်ငန်းကြီးတစ်ခုလုံး ခဏလေးအတွင်း ပြိုလဲသွားနိုင်ပါတယ်။ နိုင်ငံရပ်ခြားမှာ လုပ်ငန်းလုပ်ကိုင်ရင်း ဥပဒေအကျပ်အတည်းဖြစ်တာဟာ လုပ်ငန်းရှင်တစ်ယောက်အတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။

📍 ဝန်ဆောင်မှုရယူရန်
Messenger: MTWL Legal Page
Email: [email protected]
——————
“MTWL Legal as Your Legal Counsel”

ဥပဒေ ဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။


⚖️ Hiring Permanent Paralegals MTWL Legal တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိသော Paralegal (၂) ဦး ...
02/02/2026

⚖️ Hiring Permanent Paralegals

MTWL Legal တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိသော Paralegal (၂) ဦး ကို ခေါ်ယူခန့်အပ်လိုပါတယ်….

✅ သတ်မှတ်ချက်များ
▫️LL.B ဥပဒေဘွဲ့ ရရှိပြီးသူဖြစ်ရမည်။ (ကျောင်းတက်ဆဲသူများ မဟုတ်ရပါ။)
▫️Microsoft Office (Word, Excel) ကျွမ်းကျင်ရမည်။
▫️အင်္ဂလိပ်စာ အသင့်အတင့် (သို့မဟုတ်) ကျွမ်းကျင်ရမည်။
▫️ကိုယ်ပိုင် Laptop ရှိရမည်။

💼 အဓိကတာဝန်များ
▫️Legal Research လုပ်ခြင်းနှင့် စာချုပ်စာတမ်းများ (Drafting) ပြင်ဆင်ခြင်း။
▫️အမှုတွဲများနှင့် ရုံးလုပ်ငန်းများကို စီမံခန့်ခွဲခြင်း။
▫️Client များနှင့် ဆက်သွယ်ချိတ်ဆက်ခြင်း။

✨ ရရှိမည့် အကျိုးကျေးဇူးများ
▫️Permanent Position (အမြဲတမ်းဝန်ထမ်း) ဖြစ်ခြင်း။
▫️စီနီယာရှေ့နေများထံမှ တိုက်ရိုက် Mentorship ရယူနိုင်ခြင်း။
▫️စွမ်းဆောင်ရည်အပေါ် မူတည်၍ တိုးတက်မည့် လစာနှင့် ခံစားခွင့်များရှိခြင်း။

📍Location - Fully Remote (online)
📩 Apply Now: Page Messenger
(CV၊ Cover Letter နှင့် ဘွဲ့လက်မှတ်/Transcripts များ ပူးတွဲတင်ပြရန်။)

Take the next step in your legal career with MTWL Legal.

မိတ်ဆွေအနေဖြင့် လုပ်ငန်းများကို နိုင်ငံခြားမှာ စတင်ဖို့ဘဲဖြစ်ဖြစ်၊ တိုးချဲ့ဖို့ဘဲဖြစ်ဖြစ် စဉ်းစားနေပါသလား။ ဒါဆိုရင်တော့ ...
25/01/2026

မိတ်ဆွေအနေဖြင့် လုပ်ငန်းများကို နိုင်ငံခြားမှာ စတင်ဖို့ဘဲဖြစ်ဖြစ်၊ တိုးချဲ့ဖို့ဘဲဖြစ်ဖြစ် စဉ်းစားနေပါသလား။

ဒါဆိုရင်တော့ ကျွန်တော်တို့ MTWL Cambodia ၏ အကူအညီနှင့် ကမ္ဘောဒီးယားနိုင်ငံမှာ စျေးကွက်ချဲ့ထွင်နိုင်ပြီဖြစ်ပါတယ်။

▪️၁၀၀% နိုင်ငံခြားသားပိုင်ကုမ္ပဏီတည်ထောင်ကာ လုပ်ငန်းလုပ်ကိုင်ရာတွင် ကန့်သတ်ချက်များနည်းခြင်း
▪️ခမာငွေကြေးအပြင် အမေရိကန်ဒေါ်လာကိုပါ ကိုင်ဆောင်အသုံးပြုနိုင်ခြင်း
▪️Personal/Corporate Bank Account များကို ABA, WOORI အစရှိသည့် Foreign Bank များတွင်လည်း ဘဏ်အကောင့်ဖွင့်နိုင်ခြင်း
▪️ငွေလဲနှုန်းတည်ငြိမ်မှုရှိခြင်း
▪️ပို့ကုန်/သွင်းကုန်လုပ်ငန်းအတွက် အလားအလာကောင်းများရှိခြင်း
▪️အရှိန်အဟုန်နှင့် ကြီးထွားလာနေသော စီးပွါးရေးနယ်မြေဖြစ်ခြင်း စတဲ့ စတဲ့ အချက်တွေကြောင့် ကမ္ဘောဒီးယားဟာ မိတ်ဆွေတို့ရဲ့ လုပ်ငန်းများချဲ့ထွင်ဆောင်ရွက်ဖို့ အောင်မြင်ဖို့ ဘူမိနက်သန်ဖြစ်နိုင်ပါတယ်။

ဒီအတွက် မိတ်ဆွေရဲ့ စီးပွါးရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဖို့ အခွင့်အလမ်းကို လက်လွှတ်မခံဘဲ ကျွန်တော်တို့ MTWL Cambodiaအား ဆက်သွယ်လိုက်ပါ။ 💼

“Let us handle the setup while you focus on success.”
___________________
ဆက်သွယ်ရန်

Page messenger (or)
[email protected]

စာချုပ် Review လုပ်ခြင်းဟာ သင့်လုပ်ငန်းအတွက် အခိုင်မာဆုံးသော "အာမခံချက်" ပါ💯စာချုပ်ပါ အချက်အလက်တွေကို သေချာမစစ်ဘဲ "ယုံကြ...
21/01/2026

စာချုပ် Review လုပ်ခြင်းဟာ သင့်လုပ်ငန်းအတွက် အခိုင်မာဆုံးသော "အာမခံချက်" ပါ💯

စာချုပ်ပါ အချက်အလက်တွေကို သေချာမစစ်ဘဲ "ယုံကြည်မှု" တစ်ခုတည်းနဲ့ လက်မှတ်ထိုးလိုက်ခြင်းဟာ သင့်လုပ်ငန်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်❗️

စာ”တစ်”ကြောင်း၊ အပိုဒ်ခွဲ”တစ်”ခု အမှားကြောင့် နောက်နောင်မှာ ကိုယ့်အတွက်၊ကိုယ့်လုပ်ငန်းအတွက် ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေ၊ တရားစွဲဆိုခံရနိုင်ခြင်းနှင့် လုပ်ငန်းဂုဏ်သိက္ခာထိခိုက်နိုင်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ် 🚨

ဒီလို နစ်နာမှုတွေ မဖြစ်ရအောင် MTWL Legal ကနေပြီး သင့်စာချုပ်ကို ဥပဒေကြောင်းအရ အစအဆုံး အနုစိတ် စစ်ဆေးပေးလျက်ရှိပါတယ် 💯
(၁)စာချုပ်ထဲမှာ ဖုံးကွယ်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှာဖွေပေးခြင်း။
(၂)ကိုယ့်ဘက်က မတရား နစ်နာစေမယ့် အချက်တွေကို ပြန်လည်ပြင်ဆင်ပေးခြင်း။
(၃)တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ သေချာစေခြင်း။
(၄)အဓိပ္ပာယ် နှစ်ခွထွက်နေတဲ့ စာသားတွေကို တိကျရှင်းလင်းအောင် ပြုလုပ်ပေးခြင်း။

📍 MTWL Legal က ဘာတွေကို Review လုပ်ပေးသလဲ?
✅ ရှယ်ယာရှင်စာချုပ်၊ အစုစပ်လုပ်ငန်းစာချုပ်၊ NDA များ။
✅ အိမ်/ခြံ/မြေ အရောင်းအဝယ်၊ ငှားရမ်းမှုနှင့် စက်ပစ္စည်းဝယ်ယူမှုစာချုပ်များ။
✅ ဝန်ထမ်းခန့်အပ်မှုစာချုပ်နှင့် လုပ်ငန်းအပ်နှံခြင်းစာချုပ်များ။
✅ လက်ထပ်/ကွာရှင်း၊ အမွေဆက်ခံခြင်းနှင့် အပေး/အလှူစာချုပ်များ။

📍 ဝန်ဆောင်မှုရယူရန်
Messenger: MTWL Legal Page
Email: [email protected]

——————
“MTWL Legal is Your Legal Counsel”

ဥပဒေ ဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။


#စာချုပ်စစ်ဆေးခြင်း

Merry Christmas to you all 🎄ခရစ္စမတ်ပွဲတော်ကာလအတွင်းအေးချမ်းသာယာမှု၊ ပျော်ရွှင်မှုနှင့်မိသားစုအပေါင်းအသင်းများကြားနွေးထွ...
25/12/2025

Merry Christmas to you all 🎄

ခရစ္စမတ်ပွဲတော်ကာလအတွင်း
အေးချမ်းသာယာမှု၊ ပျော်ရွှင်မှုနှင့်
မိသားစုအပေါင်းအသင်းများကြား
နွေးထွေးသောအချိန်အခါများကို
ခံစားနိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

တစ်နှစ်တာလုံး ယုံကြည်မှုဖြင့်
ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့်
Client များနှင့် Partner များအားလုံးကို
အထူးကျေးဇူးတင်လျက်ရှိပြီး
လာမည့်နှစ်သစ်တွင်လည်း
အောင်မြင်မှုများနှင့်အတူ
ဆက်လက် လက်တွဲနိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

📢 အသိပေးကြေညာချက်MTWL Legal ရဲ့ Paid Internship Program (2026) အတွက် လျှောက်ထားသူများ အများအပြား ရရှိခဲ့ပြီးIntern များက...
22/12/2025

📢 အသိပေးကြေညာချက်

MTWL Legal ရဲ့ Paid Internship Program (2026) အတွက် လျှောက်ထားသူများ အများအပြား ရရှိခဲ့ပြီး
Intern များကို ရွေးချယ်ပြီးဆုံးသွားပြီ ဖြစ်ပါသည်။

လျှောက်ထားပေးခဲ့ကြသော
ဥပဒေကျောင်းသား/သူများအားလုံးကို
အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်
ရွေးချယ်မခံရသေးသူများအနေဖြင့်
နောင်လာမည့် အခွင့်အရေးများကို
ဆက်လက်စောင့်ကြည့်ပေးပါရန်
လေးစားစွာ အသိပေးအပ်ပါသည်။

📣 MTWL Legal Paid Internship Program (2026)ဥပဒေကျောင်းသား/သူများ၊ လက်တွေ့လုပ်ငန်းခွင်သို့ မဝင်ရောက်မီ အတွေ့အကြုံကောင်းမျ...
16/12/2025

📣 MTWL Legal Paid Internship Program (2026)

ဥပဒေကျောင်းသား/သူများ၊ လက်တွေ့လုပ်ငန်းခွင်သို့ မဝင်ရောက်မီ အတွေ့အကြုံကောင်းများ ရယူလိုသူများအတွက် MTWL Legal မှ Internship Program (2026) အတွက် Legal intern များကို စတင်ခေါ်ယူနေပါပြီ….

စာတွေ့ဗဟုသုတတွေကို တကယ့်လက်တွေ့ ဥပဒေနယ်ပယ်မှာ တစ်ပြိုင်နက်အသုံးချပြီး သင့်ရဲ့ Legal Career ကို မြင့်တင်ဖို့အတွက်ဆိုရင်တော့ ဒါကလက်လွှတ်မခံသင့်တဲ့ အခွင့်အလမ်းကောင်းတစ်ခုပါ….

ဒီ Special Paid Internship Program မှာဆိုရင်….

Supervisor များ၏ တိုက်ရိုက်လမ်းညွှန်မှုအောက်တွင်
ကုမ္ပဏီထူထောင်ခြင်း၊ ကုန်အမှတ်တံဆိပ် (Trademark) နှင့် စာချုပ်စာတမ်း ရေးဆွဲခြင်းဆိုင်ရာ Corporate Legal ကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်ရမည် ✅

လုပ်ငန်းခွင်ဝင်ရာတွင် မရှိမဖြစ်လိုအပ်သော Professional Skills များကို Training Sessions များမှတစ်ဆင့် သင်ကြားပေးမည် ✅

လစဉ်ထောက်ပံ့ကြေး (Allowance) ရရှိမည် ✅

အိမ်ကနေ အွန်လိုင်းမှတစ်ဆင့် အဆင်ပြေစွာ ပါဝင်ဆောင်ရွက်နိုင်မည် ✅

—————————

Application Details :

🧑🏼‍⚖️ လျှောက်ထားနိုင်သူများ - တတိယနှစ်နှင့်အထက် ဥပဒေကျောင်းသား/သူများ (Chamber Student များအပါအဝင်)

📍Location - Fully Remote (online)

📩To Apply - page messenger သို့ CV နှင့်တကွ Cover Letter အားပေးပို့ပေးပါရန်။

🕒Application Deadline - 25.12.2025


"Legal Blind Spots for Startups"သေးငယ်တဲ့ ဥပဒေရေးရာ အမှားတစ်ခုကြောင့် သင့်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက် ပျက်စီးမသွားစေဖို့...
27/11/2025

"Legal Blind Spots for Startups"

သေးငယ်တဲ့ ဥပဒေရေးရာ အမှားတစ်ခုကြောင့် သင့်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက် ပျက်စီးမသွားစေဖို့။ ရှုပ်ထွေးတဲ့ ဥပဒေစကားလုံးတွေကို နားလည်လွယ်တဲ့ အကြံဉာဏ်များအဖြစ် ပြောင်းလဲပေးမယ့်၊ Legal Blind Spots for Startups Webinar ကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

အကယ်၍ မိတ်ဆွေစာ

▪️လုပ်ငန်းကို စတင်ဖန်တီးမယ့် ရည်မှန်းချက်ကြီးမားသော လုပ်ငန်းရှင် တစ်ယောက်ဆိုရင်…

▪️ လုပ်ငန်းကို တရားဝင်ဖြစ်ဖို့ လိုအပ်တဲ့ Startup ပိုင်ရှင် တစ်ယောက်ဆိုရင်…

▪️စာချုပ်တွေမချုပ်ဆိုခင် ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတွေနဲ့ မတွေ့ဆုံခင် လက်တွေ့ကျတဲ့ ဗဟုသုတတွေ လိုအပ်နေတဲ့ Founder တစ်ယောက်ဆိုရင်…

ဒီWebinar က မိတ်ဆွေအတွက် အသင့်တော်ဆုံး ဖြစ်မှာပါ။
ဥပဒေရေးရာကိစ္စတွေက စိတ်ရှုပ်စရာကောင်းတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ဒီ Webinar ပြီးသွားတာနဲ့

၁။ ရှုပ်ထွေးတဲ့ ဥပဒေရေးရာ လစ်ဟာမှုတွေကို ရှာဖွေပြီး ပြင်ဆင်နိုင်ပြီးတော့ မှတ်ပုံတင်ခြင်းနဲ့ စာချုပ်တွေကို မှန်ကန်အောင် လုပ်ဆောင်နည်း တွေကို သိသွားမယ်။

၂။ မိတ်ဆွေရဲ့ Brand အမှတ်တံဆိပ်ကို ကာကွယ်ဖို့အတွက် အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ (IP) ကို နားလည်သွားမယ်။

၃။ ပူးတွဲတည်ထောင်သူရှိမယ်ဆိုရင်လည်း သဘောတူညီချက်များနှင့် ရင်းနှီးမြှုပ်နှံသူ စာရွက်စာတမ်းများကို ပထမဆုံးနေ့ကတည်းက မှန်ကန်စွာ ဘယ်လို ဖွဲ့စည်းတည်ဆောက်ရမလဲဆိုတာ သဘောပေါက်လာပြီးတော့

၄။ အာဆီယံတစ်ဝှမ်း လုပ်ငန်းချဲ့ထွင်ရန် စီစဉ်ပါက ဥပဒေရေးရာ မှာ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေရှိသလဲဆိုတာကိုပါ ရှင်းရှင်းလင်းလင်း သိသွားမှာဖြစ်ပါတယ်။

ဒီ Webinar လေးကို ဦးဆောင် ဆွေးနွေးပေးမဲ့သူကတော့ဥပဒေရေးရာကျွမ်းကျင်သူ ဒေါ်မေသူဝေလင်းသူပဲဖြစ်ပါတယ်။

ရတနာပုံ တက္ကသိုလ် မှ 𝗕𝗮𝗰𝗵𝗲𝗹𝗼𝗿 𝗼f 𝗟𝗮𝘄𝘀 (𝗟𝗟.𝗕) နှင့် 𝗠𝗮𝘀𝘁𝗲𝗿 𝗼𝗳 𝗟𝗮𝘄 ( 𝗟𝗟.𝗠) ( 𝗖𝗼𝗺𝗺𝗲𝗿𝗰𝗶𝗮𝗹 𝗟𝗮𝘄𝘀) ဘွဲ့တို့အား အသီးသီးရရှိထားသူဖြစ်ကာ လက်တွေ့ဥပဒေ လုပ်ငန်းခွင်အတွေ့အကြုံလည်း (၁၅) နှစ်ကျော်ကြာ ရှိသူဖြစ်ပါတယ်။

စီးပွားရေးဥပဒေများ၊ မြေယာဥပဒေများ၊ အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေများ (Laws relating to Intellectual Property) ၊ စာချုပ်စာတမ်းဥပဒေနှင့် မိသားစုဥပဒေတို့အား အထူးကျွမ်းကျင်သူဖြစ်ပြီးတော့ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် စသည့် တရားအဆင့်ဆင့်များတွင် အမှုများစွာအား လိုက်ပါဆောင်ရွက်ခြင်း၊ နိုင်ငံတကာ စာချုပ်စာတမ်းများအား သုံးသပ်ပြင်ဆင် ချုပ်ဆိုပေးခြင်း၊ မြေယာနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စများမှာ အကြံပေးခြင်းနှင့် လိုက်ပါဆောင်ရွက်ပေးခြင်းတို့မှာ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံမှာသာမက ထိုင်း၊ ကမ္ဘောဒီးယားနှင့် စင်္ကာပူနိုင်ငံတို့မှာပါ company များစွာအား ဥပဒေအကြံပေးခြင်းနှင့် ကုမ္ပဏီလျှောက်ထားပေးခြင်း စသည့် အတွေ့အကြုံများစွာရှိသော 𝐋𝐞𝐠𝐚𝐥 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 တစ်ယောက်လည်းဖြစ်ပါတယ် ၂၀၁၂ ခုနှစ်တွင် Legal Light Law firm အား စတင်တည်ထောင်ခဲ့ပြီး၊ Philip and May Law Firm တွင် ပူးတွဲတည်ထောင်သူ၊ KST Legal တွင် Partner အဖြစ် တာဝန်ယူခဲ့ကာ လက်ရှိတွင် MTWL -Legal ၏ တည်ထောင်သူနှင့် Managing Partner အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

◼️Registration Form ⤵️
https://forms.gle/wXkhWcpaPw9cHiLR8

◼️Date and Time - 1st December 2025, 7PM (MM TIME)

Ready to stop dreaming and start building?

We offer the Mindset, the Strategy, and the Community you need to launch a successful venture.

Join the Venture Lab.

VentureLab

လုပ်ငန်းရှင်နှင့်ဝန်ထမ်းတိုင်း မဖြစ်မနေသိထားသင့်တဲ့ အလုပ်စာချုပ် (Employment Contract-EC)📑 လုပ်ငန်းတစ်ခုလုပ်ကိုင်ကြပြီဆိ...
15/11/2025

လုပ်ငန်းရှင်နှင့်ဝန်ထမ်းတိုင်း မဖြစ်မနေသိထားသင့်တဲ့ အလုပ်စာချုပ် (Employment Contract-EC)📑

လုပ်ငန်းတစ်ခုလုပ်ကိုင်ကြပြီဆိုတာနဲ့ အလုပ်ရှင်နဲ့ဝန်ထမ်း နှစ်ဦးလုံးဟာ ရေရှည်အကျိုးစီးပွါးအတွက် အလုပ်စာချုပ် (Employment Contract-EC) ကိုချုပ်ဆိုထားရန် အလွန်ပင်အရေးကြီးပါတယ် 🌟

အလုပ်စာချုပ် (Employment Contract-EC) ဆိုတာ ဘာလဲ?

ဒီစာချုပ်ဟာ ဝန်ထမ်းနဲ့ အလုပ်ရှင်ကြားမှာ တာဝန်၊ လစာ၊ စည်းကမ်းတွေကို သဘောတူညီထားတဲ့ တရားဝင်အာမခံချက်ဖြစ်ပြီး၊ Employment and Skill Development Law (2013) နှင့် Employment Contract Rules (2015) အရ မဖြစ်မနေ ချုပ်ဆိုရမှာပဲဖြစ်ပါတယ် ✅

ဘာကြောင့် အလုပ်စာချုပ် (Employment Contract-EC) ဟာ အရေးကြီးတာလဲ?​

▪️အလုပ်ရှင်အနေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ထိန်းသိမ်းနိုင်တယ်
▪️အလုပ်သမားအနေနဲ့ ရသင့်တဲ့ အခွင့်အရေးတွေ ရနိုင်တယ်
▪️အငြင်းပွားမှုတွေ မဖြစ်အောင်ကာကွယ်နိုင်တယ်
▪️ဥပဒေအရ အကာအကွယ်ရရှိနိုင်တယ်

ဆိုတော့ အလုပ်စာချုပ် (Employment Contract-EC) ကိုဘယ်လိုချုပ်ဆိုရမလဲ?

🔹အလုပ်သမား ၅ ယောက်အထက် ရှိတဲ့ လုပ်ငန်းတိုင်း EC ချုပ်ဖို့ တာဝန်ရှိပါတယ်။
🔹အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်စလုံး မိတ္တူ (၃)စုံ ရေးထိုးပြီး မြို့နယ်အလုပ်သမားရုံး မှာ မှတ်တမ်းတင်ရပါမယ်။
🔹အလုပ်သမားရုံးမှ စစ်ဆေးပြီး လက်မှတ်ထိုးအတည်ပြုပေးပါတယ်။

📥 EC ဖောင်နမူနာကို အလုပ်သမားဝန်ကြီးဌာန (MOLIP) Website မှာ ဒေါင်းလုဒ်ဆွဲပါ။ (သို့မဟုတ်) မြို့နယ်အလုပ်သမားရုံးမှာ ထုတ်ယူနိုင်ပါတယ်။

မှန်ကန်တဲ့ အလုပ်စာချုပ် (Employment Contract-EC) တစ်စောင်မှာ ဘာတွေ ပါဝင်ရမလဲ?

တရားဝင် အကျိုးခံစားခွင့်တွေ အပြည့်အဝရရှိဖို့အတွက် လက်မှတ်မထိုးခင် ဒီအချက် (၁၀) ချက် အတိအကျ ပါဝင်ရဲ့လား စစ်ဆေးရပါမယ်✔️

▪️အလုပ်ရှင်နဲ့ အလုပ်သမားအမည်၊ လိပ်စာ
▪️ရာထူးနှင့် တာဝန်
▪️စာချုပ်ကာလ
▪️အလုပ်ချိန်၊ နားရက်
▪️လစာနှင့် ခံစားခွင့်
▪️ခွင့်ရက်များ
▪️ စာချုပ်ဖျက်သိမ်းခြင်း စည်းကမ်းများ
▪️Confidentiality & Non-Disclosure
▪️ပြဿနာဖြေရှင်းနည်း
▪️သက်ဆိုင်ရာ ဥပဒေ

အလုပ်မစတင်ခင် EC ချုပ်ဆိုခြင်းဟာ အလုပ်ရှင်နှင့် ဝန်ထမ်း နှစ်ဦးစလုံးအတွက် တူညီသော အကာအကွယ်နှင့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်….

စာချုပ်ချုပ်ဆိုခြင်းနှင့် ပတ်သတ်၍ စိတ်အေးချမ်းသာစွာနဲ့ မှန်ကန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် MTWL Legal မှ သင့်ရဲ့စာချုပ်ချုပ်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်တွေကို တိကျမှန်ကန်စွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
——————
“MTWL Legal as Your Legal Counsel”

စာချုပ်ချုပ်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။




#အလုပ်စာချုပ်

ကုမ္ပဏီ "Struck Off" ဖြစ်ခြင်းသည် ကုမ္ပဏီတစ်ခုလုံးဆုံးရှုံးသွားသည်ကို ဆိုလိုခြင်းမဟုတ်ပါ ❗️Struck Off ဖြစ်တယ်ဆိုတာ ဘာလဲ?...
12/11/2025

ကုမ္ပဏီ "Struck Off" ဖြစ်ခြင်းသည် ကုမ္ပဏီတစ်ခုလုံးဆုံးရှုံးသွားသည်ကို ဆိုလိုခြင်းမဟုတ်ပါ ❗️

Struck Off ဖြစ်တယ်ဆိုတာ ဘာလဲ?

Struck Off ဖြစ်တယ်ဆိုတာကုမ္ပဏီတစ်ခုရဲ့အမည်ကို DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) ရဲ့ တရားဝင်မှတ်ပုံတင်စာရင်းကနေ ဖယ်ရှားခြင်း ခံရတာပဲဖြစ်ပါတယ်။

Struck Off ဖြစ်ရင် ဘာတွေဖြစ်လာနိုင်လဲ?

▪️ကုမ္ပဏီရဲ့တရားဝင်တည်ရှိမှု လုံးဝရပ်စဲသွားမှာပဲဖြစ်ပါတယ်။

▪️စီးပွားရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်းဆိုင်ရာလုပ်ပိုင်ခွင့်တွေ မရှိတော့ပါ။

▪️Struck Off ဖြစ်နေတဲ့အချိန်မှာ Director position ကိုယူလို့မရပါ။


🚨Struck Off ဖြစ်စေနိုင်တဲ့ အဓိကအချက် ၃ ချက်🚨

▪️နှစ်ပတ်လည်အစီရင်ခံစာ (Annual Return - AR) တင်သွင်းရန် ပျက်ကွက်ခြင်း။

▪️မှတ်ပုံတင်အရာရှိမှ ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ယူဆ၍ ပယ်ဖျက်နိုင်ခြင်း။

▪️ကုမ္ပဏီအမည်အား မှတ်ပုံတင်စာရင်းမှ ဖယ်ရှားရန် ကုမ္ပဏီက ကိုယ်တိုင်လျှောက်ထားခြင်း။


🆘 အထူးသတိပြုရန် 🆘

Myanmar Companies Law 2017 အရ၊ Struck Off ခံရပြီးနောက်မှာတောင် ဒါရိုက်တာတွေနဲ့အဖွဲ့ဝင်တွေရဲ့ တာဝန်ဝတ္တရားနဲ့ ပေးဖို့ရန်ရှိသော အကြွေးများအတွက် တာဝန်ယူမှု က ဆက်လက်တည်ရှိနေပါတယ်❗️

AR ပျက်ကွက်ခြင်းကြောင့် Struck Off ဖြစ်ပါက ငွေကြေးကုန်ကျမှု ပိုများလာခြင်း အပြင် ကုမ္ပဏီ၏ လိုက်နာဆောင်ရွက်မှုမှတ်တမ်း (Compliance Record) ကိုပါ ထိခိုက်စေပါတယ်❗️

Struck Off List ထဲကနေ ပြန်လည်မှတ်ပုံတင်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ ❓

Struck Off ဖြစ်သွားတဲ့ကုမ္ပဏီကို တရားဝင်ပြန်လည်တည်ထောင်ဖို့အတွက်ဆိုရင်တော့ တရားရုံးအမိန့် (Court Order) နဲ့သာ ပြန်လည်မှတ်ပုံတင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ၎င်းသည် ရှုပ်ထွေးပြီး အချိန်ယူရသော လုပ်ငန်းစဉ်ဖြစ်ပါတယ် ❗️

ဒါကြောင့် သင့်ကုမ္ပဏီရဲ့ အခြေအနေ (Status) ကို အမြဲစစ်ဆေးနေဖို့ လိုအပ်ပါတယ် ✅

ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်တွေကို MTWL Legal မှ တိကျမှန်ကန်စွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

————————————

“MTWL Legal as Your Legal Counsel”

ဥပဒေ ဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။









🪔 အေးချမ်းလှသော တန်ဆောင်မုန်း လပြည့်နေ့ 🪔 မှာခုနှစ်ရက်သားသမီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ...
04/11/2025

🪔 အေးချမ်းလှသော တန်ဆောင်မုန်း လပြည့်နေ့ 🪔
မှာခုနှစ်ရက်သားသမီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာ ကြပါစေကြောင်း “MTWL Leagl”မှ
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🕯️🙏🏻

#တန်ဆောင်မုန်းလပြည့်

Address

64(A) Street, Between 20 & 21 Streets
Mandalay

Website

Alerts

Be the first to know and let us send you an email when MTWL Legal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MTWL Legal:

Share