Honester Law Firm

Honester Law Firm A Professional Law Corporation

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေပြဌာန်းခြင်း၁၈-၂-၂၀၂၅ #
20/02/2025

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေပြဌာန်းခြင်း
၁၈-၂-၂၀၂၅
#

ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ #၁-၄-၂၀၂၅ရက်နေ့မှစတင်အကျိုးသက်ရောက်မည်
19/02/2025

ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
#၁-၄-၂၀၂၅ရက်နေ့မှစတင်အကျိုးသက်ရောက်မည်

မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများ၏ကြော်ငြာခနှုန်းထားများပြင်ဆင်သတ်မှတ်
15/02/2025

မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများ၏ကြော်ငြာခနှုန်းထားများပြင်ဆင်သတ်မှတ်

02/08/2024

အမွေနှင့်ပတ်သက်သော ဦးကျော်ကျော် (တရားရေး)၏သတင်းဆောင်းပါး အားကူးယူတင်ပြပါသည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခြင်း၊ အမွေခွဲဝေခြင်းဆိုင်ရာ အခြေခံသဘောတရားများ

အမွေခွဲဝေပေးစေလိုမှုတွင် အဓိကရည်ရွယ်ချက်မှာ အမွေရထိုက်သူတို့အား အမွေခွဲဝေပေးရန်ဖြစ်ပေရာ ကွယ်လွန်သူ၏အမွေကို မည်သူမည်ဝါတို့က ဆက်ဆံခွင့်ရှိသည်။ တရားလိုသည် အမွေဝေစု မည်ရွေ့မည်မျှ ရထိုက်သည်၊ ကွယ်လွန်သူ ကျန်ရစ်သောအမွေပစ္စည်းများသည် မည်သည့် ပစ္စည်းများ ဖြစ်သည်၊ ကွယ်လွန်သူပေးရန်၊ ရရန်ရှိသော ကြွေးမြီများ မည်ရွေ့ မည်မျှရှိသည် စသည်တို့ကို စိစစ်ဆုံးဖြတ်ပြီး တရားလိုနှင့် ဝေစုရလို၍ ရုံးခွန်ထမ်းဆောင်သော တရားပြိုင်တို့အား အမွေခွဲဝေပေးရန်ဖြစ်သည်။ တရားလိုသည် အမွေရထိုက်ခွင့် ရှိမရှိ စိစစ်ရာ၌ ၎င်းကချုပ်ဆိုခဲ့သော စွန့်လွှတ်စာတမ်းသည် တရားဝင်သည် မဝင်သည်ကို အမွေမှုတွင်ပင် အဆုံးအဖြတ်ပေးနိုင်သည်။ ထိုနည်းတူ ကွယ်လွန်သူ၏ အမွေပစ္စည်းများကို စိစစ်ရာ၌ ပစ္စည်းတစ်ရပ်သည် ကွယ်လွန်သူ ကျန်ရစ်သောပစ္စည်း ဟုတ်မဟုတ် အဆုံးအဖြတ်ပေးခွင့် ရှိသည့်အလျောက် ကွယ်လွန်သူတစ်ချိန်က ပိုင်ဆိုင်ခဲ့သောပစ္စည်းကို ကွယ်လွန်သူကလွှဲပြောင်း ပေးခြင်းမှာ ဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ အမွေမှု တွင် အဆုံးအဖြတ်ပေးနိုင်သည်ဟု ကောက်ယူ ရပေမည်။
(ဦးသိန်းဟန်နှင့် မငွေပါ။ ၁၉၈၇ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၈၇)

အမွေခံအစီအစဉ်

မြန်မာ့ဓလေ့ထုံးတမ်း အမွေခန်းဥပဒေတွင် လူတစ်ယောက်ကွယ်လွန်ပါက ၎င်း၏အမွေပစ္စည်း များကို အမွေခံအစီအစဉ်အရ မည်သူမည်ဝါတို့သည် အမွေခံအမွေစားဖြစ်ရမည်။ ၎င်းတို့၏ အမွေဝေစုသည် မည်၍မည်မျှဖြစ်ရမည်စသဖြင့် အတိအကျသတ်မှတ်ပြီးဖြစ်ပေသည်။ ထို့ကြောင့် အမွေရှင်သေဆုံးသည်နှင့် တစ်ပြိုင်နက် ဆက်ခံခွင့် ရရှိသည်။ အမွေဆက်ခံ သူ၏အဆိုပါအခွင့်အရေး ကိုလည်း “အပြီးအပိုင်ရရှိသည့် အကျိုးခံစား ခွင့်” (Vested Right) ဟု ခေါ်ဆိုပေသည်။ (ဦးအောင်ခင် နှင့် ဒေါ်ရင်လှပါ ၆၊ ၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၈၁)
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံ ခြင်းဆိုင်ရာ ဥပဒေသတစ်ရပ်မှာ ကွယ်လွန်သူနှင့် ဆွေမျိုးဆက်နီးသူကားသူအား အမွေမှပယ်ထုတ် ခြင်းဖြစ်သည်။ (မနီလာမော်နှင့် ဒေါ်သန်းသန်းပါ ၁၈၊ ၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၁၉)

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေခံအမွေစားများသည် အမွေပုံပစ္စည်းတွင် အတူပိုင် ဆိုင်သူများ ဖြစ်ကြသော်လည်း ပူးတွဲပိုင်ရှင်များ မဟုတ်ကြပေ။
သားသမီးများသည် မိဘတို့၏ ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ သာမက “ကုန်အမှတ်တံဆိပ်” အသုံးပြုခွင့်ကိုပါ အညီအမျှ အမွေဆက်ခံခွင့်ရှိကြသည်။
(မသန်းပါနှင့် ဦးချစ်ဆွေ၊ ၁၉၆၁ ခုနှစ်၊ မြန်မာနိုင်ငံ တရား စီရင်ထုံး၊ (လွှတ်တော်ချုပ်)၊ စာမျက်နှာ-၁၃၆)

မြန်မာ့ဓလေ့ထုံးတမ်းအရ မိဘတစ်ဦးဦး ကွယ်လွန်ပြီးနောက် ကျန်ရစ်သူ မိဘ နောက် အိမ်ထောင်ပြုလျှင် သားသမီးများသည် ကျန်ရစ်သူ မိဘထံမှ အမွေတောင်းခွင့်ရှိပေသည်။ အကယ်၍ ထိုကဲ့သို့တောင်းခံခဲ့ခြင်း မရှိလျှင် မိရင်းဖရင်း သေဆုံးသောအခါ မိထွေး ပထွေးထံမှ အမွေတောင်းခွင့် ရှိပေသည်။ အကြောင်းမူ ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည်ကို အကြောင်းပြုပြီး သားသမီးတို့က ထိုမိဘထံမှ အမွေတောင်းခံ ခြင်းမှာ ကွယ်လွန်သူအမိ သို့မဟုတ် အဖ၏အမွေစားအမွေခံအဖြစ်ဖြင့် တောင်းခံခြင်းဖြစ်သည်။ မိရင်းဖရင်း သေဆုံးသွား၍ မိထွေးပထွေးထံမှ အမွေတောင်းခံခြင်းမှာမူကွယ်လွန်သွားသည့်မိရင်းဖရင်း၏ အမွေစား အမွေခံအဖြစ်ဖြင့် တောင်းခံခြင်း ဖြစ်ပေသည်။
(ဒေါ်ခင်မာချိုနှင့် ဦးညွန့်အောင် အမှု၊ ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၆)

နှုတ်ဖြင့် ခွဲဝေနိုင်

အမွေပုံကိုနှုတ်ဖြင့် သဘောတူခွဲဝေနိုင်သည်။ သို့သော် အမွေခွဲဝေယူမှုကို စာဖြင့်ရေးသားထားပြီး ထိုသဘောတူချက်စာတမ်းတွင် တန်ဖိုးငွေကျပ် ၁၀၀ (ယခုကျပ်တစ်သိန်း) ထက်ပိုသည့် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းပါဝင်နေပါမူ ထိုစာတမ်းကို မှတ်ပုံတင်အက်ဥပဒေနှင့်အညီ မှတ်ပုံတင်ရန် လိုပေသည်။
(ဦးအောင်ညွန့်နှင့် မောင်အုန်းမြင့်၊ ၁၉၈၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၂၁)

မိသားစုစီမံမှုဖြင့် အမွေခွဲဝေရာတွင် စာဖြင့်ရေးသားထားပါက ထိုစာတမ်းတွင် တန်ဖိုးငွေကျပ် တစ်ရာထက်ပိုသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းပါဝင်နေလျှင် ထိုစာတမ်းကို မှတ်ပုံတင်ရန်လိုအပ်သည်။ ယခုအမှုတွင် တင်ပြထားသော ကတိ စာချုပ် များကို စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင်ထားကြောင်း မတွေ့ရပေ။ ထို့ပြင်ပစ္စည်း သည် ကန့်ကွက်သူ၏ လက်ဝယ်ရှိမရှိပြဿနာကို အမွေထိန်းစာ ထုတ်ပေးစေလိုမှု၌ ဆုံးဖြတ်ရန် မလို အပ်သောကြောင့် အမွေကျန်ပစ္စည်းများကို ခွဲဝေ လက်ရှိရယူပြီးကြောင်း ချေပချက်ကို လက်ခံရန် မသင့်ပေ။
(ဒေါ်တိုးတိုးညွန့်နှင့် ဦးတင်ရွှေပါ ၃၊ ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၅၅)

အဆိုပါစီမံမှုကို စာတမ်းရေးသားထားပြီး တန်ဖိုးငွေကျပ်တစ်ရာထက်ပိုသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းပါနေလျှင် မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ရန် လိုပေသည်။
(မရှုမွေးနှင့် ဒေါ်ကျေးမျှင်၊ ၁၉၅၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ လွှတ်တော်စာမျက်နှာ ၁၁၁)

နီးစပ်ရာ ဆွေမျိုးသားချင်းများသည် အဆိုပါပစ္စည်းများမှာ သေသူနှစ်ဦးပိုင်ပစ္စည်းများဖြစ်သည်ဟု ယုံကြည် လက်ခံပြီး မိသားစုပြေငြိမ်းမှု (Family Settlement) ကို ဖန်တီးသည့် အနေဖြင့် ခွဲဝေရယူကြရန် သဘောတူညီ ကြဟန်ရှိသည်။ ယင်းသို့ မိသားစုပြေငြိမ်းမှုဖန်တီးသည်ကို တရားရုံးများက အားပေးလိုက်လျော လက်ခံ အတည်ပြုလေ့ရှိကြလေသည်။
(မပန်းစီ(ခ)ဒေါ်ရင်ရင်နှင့် မလှရင်ပါ ၆၊ ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး၊ စာမျက်နှာ ၈၀၀ (၈၀၈))

မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်း အမျိုး အစားအဖြစ် ပြဋ္ဌာန်းထားသည်။ (စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ ၁၇(စ))

ဆန္ဒသဘောထားများပါဝင်

အမွေပုံကို မိသားစုစီမံခန့်ခွဲမှုအရ ညှိနှိုင်းခွဲဝေ ယူကြရာတွင် အမွေဆိုင်အချင်းချင်း သဘောတူ ညီညွတ်မှုက အဓိကဖြစ်ကြောင်း၊ အမွေဆိုင်တို့သည် တစ်ရပ်တစ်ကျေးစီတွင် သီးခြားနေထိုင်ကြရာဝယ် တစ်နေရာတည်း၌ စုစည်းဆုံတွေ့ကြရန် လွယ်ကူ မည်မဟုတ်ပေ။ ထိုသို့ တညီတညွတ်တည်းစုံစည်း ဆုံတွေ့မှသာ မိသားစုစီမံမှု အထမြောက်မည်ဆိုလျှင် အထမြောက်သည့် မိသားစုစီမံမှုတစ်ခုဖြစ်ရန်ခဲယဉ်း ပေလိမ့်မည်။ သို့ဖြစ်၍ အမွေဆိုင်အစုံအလင်ပါဝင်ရ မည်ဆိုရာတွင် ၎င်းတို့အားလုံး၏ ဆန္ဒသဘောထား များပါဝင်ရမည်ကို ဆိုလိုခြင်း ဖြစ်သည်ဟု ကောက်ယူ သင့်သည်ဟူ၍ ဦးထွန်းရင်ပါ၂နှင့် မဝင်းရီပါ ၈ အမှု၊ ၁၉၉၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၇၄ တွင် ထုံးပြုထားသည်။
မိဘတစ်ဦးဦးကွယ်လွန်ပြီး ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည့်အခါ ကွယ်လွန်သူနှင့် ရရှိခဲ့သော သားသမီးများသည် ကျန်ရစ်သူမိဘထံမှ ကွယ်လွန်သူမိဘအစုကို ရရှိသည်။ ယင်းဝေစုကို အမွေယူခဲ့ပါလျှင် ထိုကျန်ရစ်သူ မိဘကွယ်လွန်သော အခါ အမွေတောင်းခွင့်မရှိတော့ပေ။ သို့ရာတွင် အမွေ တောင်းခံခဲ့ခြင်း မရှိခဲ့ပါမူ ကျန်ရစ်သူမိဘကွယ်လွန် သောအခါ မိထွေး၊ ပထွေးထံမှ အမွေတောင်းခံခွင့် ရှိသည်။
(ဦးမြတ်စိုးပါ၄ နှင့် ဒေါ်တင်ကြည် အမှု၊ ၂၀၀၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၄၂)

ပစ္စည်းများကို ခွဲဝေပေးခွင့်ရှိ

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိဘတစ်ဦးဦး မသေမီ သားသမီးများဖြစ်ကြသည့် အမွေစားအမွေခံ တို့၏ သဘောတူချက်ဖြင့် အမွေပုံပစ္စည်းများကို ခွဲဝေပေးခွင့်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းမှာ မိသားစု စီမံမှုဟု ခေါ်သည်။
(မောင်ခွေးသိုး (ဒေါ်ထပ်ကြီး ၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်မြတ်ကြီး အမှု၊ ၁၉၈၀ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၉၂)

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိသားစုစီမံမှု ဆိုသည်မှာ ပစ္စည်းရှင်မသေဆုံးမီ ပစ္စည်းရှင်နှင့် မိသားစုဝင်တို့၏ သဘောတူညီမှုဖြင့် ပစ္စည်းရှင် သေဆုံးသည့်အခါ အမွေပစ္စည်းများကို မည်သို့ခွဲဝေ ယူကြမည်ဆိုသည့်စီမံမှုကို ခေါ်သည်။ မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေပစ္စည်း၌ အခွင့်အရေးရရှိသူ များ အားလုံးပါဝင်ရန် လိုသည်။
(ဒေါ်ငွေလှိုင်ပါ ၈၊ မောင်ကျော်ဝိန် (ခ) မောင်ကျော်စိန်ပါ ၂ နှင့် ဦးလှဆောင်ပါ ၃၊ ဒေါ်ငွေလှိုင်ပါ ၉ အမှု၊ ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၅၀)

ငြင်းဆိုခွင့်မရှိ

အမွေခံတို့၏ သဘောတူညီချက်ဖြင့် ပြုလုပ် သည့် မိသားစုစီမံမှုအတိုင်း ပစ္စည်းခွဲဝေပြီးပါက ထိုစီမံမှုကို ဖောက်ဖျက်ခွင့်မရှိ၊ ထိုစီမံမှုသည် တရားဥပဒေအရ တည်မြဲခိုင်မာခြင်း မရှိဟု သက်သေခံအက်ဥပဒေပုဒ်မ ၁၁၅ အရ ငြင်းဆိုခွင့် မရှိတော့ပေ။
(ဦးဘမင်းနှင့် ဒေါ်မြမြပါ ၂ အမှု၊ ၂၀၀၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၇၅)

အမွေဆိုင်မြေ၌ အမွေဆိုင်တစ်ဦးက ၎င်းတစ်ဦးတည်းပိုင်သည့် နှစ်ထပ်တိုက်ခံအိမ်ဆောက် လုပ်ပြီးအိမ်ငှား ထားကာ အိမ်လခများကိုနှစ်ပေါင်း ၄၀ ကျော် တစ်ဦးတည်းခံစားခဲ့ခြင်းသည် အခြား အမွေဆိုင်များအား ဆန့်ကျင်လက်ရှိထားခြင်း ဖြစ် သည်။
(ဒေါ်သစ်သစ် နှင့် ဒေါ်ရီရီမြင့်၊ ၁၉၉၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၂၁(၁၂၇) (စုံညီ))

အမွေဆိုင်တစ်ဦးက အမွေပုံပစ္စည်းကို လက်ရှိ ထားရာတွင် သာမန်အားဖြင့်ဆိုပါက ထိုပစ္စည်းကို အမွေဆိုင်အားလုံးအတွက် လက်ရှိထားသည်ဟု မှတ်ယူရမည်ဖြစ်သည်။
(မမြဲကြင်နှင့် မအေးတင်၊ ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၉၈၃)

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သေတမ်းစာပြုလုပ်၍ ပစ္စည်းလွှဲပြောင်း ပေးခြင်း မပြုလုပ်နိုင်ပေ။
(ဒေါ်မယ်သင်နှင့် ဦးငွေထိန်ပါ၈ အမှု၊ ၁၉၇၆ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ - ၅၃)

မြန်မာဗုဒ္ဓဘာသာတို့အတွက် အမွေထိန်းစာ မထုတ်ဘဲ မနေရဟု ဥပဒေကမဆိုပေ။ ထုတ်ပေး ရန်မလိုလျှင် ထုတ်မပေးခြင်းက ပို၍တရားမျှတ မှန်ကန်၏။

ဆက်ခံခွင့်ရှိ

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ အမွေခန်းဥပဒေ အရ ကွယ်လွန်သူတွင် ခင်ပွန်း သားသမီး မြေးမြစ် အစရှိသော တိုက်ရိုက်အဆက်အနွယ်များ၊ ကိတ္တိမသားသမီး၊ လင်ပါမယားပါသမီးနှင့် ကိဠိတ (သားသမီး အစရှိသော သူများမရှိလျှင် ထိုသူ၏ အမွေပစ္စည်းများကို (၁) ညီအစ်ကိုမောင်နှမများ၊ (၂) မိဘများ၊ (၃) ဘိုးဘွားများ၊ (၄)တူ၊ တူမများ၊ (၅) ဘကြီး ဘထွေး၊ ဦးရီး (ဦးကြီး)၊ ဦးလေး၊ အရီး ကြီး၊ အရီးလေး၊ မိကြီး မိထွေး၊ (၆)တူ၊ တူမများ၏ သားသမီးများက ဦးစားပေးအစီအစဉ်အတိုင်း ဆက်ခံခွင့်ရှိကြပါသည်။
(ဦးမြင့်စိုးနှင့် ဦးသန်းစိုး ပါ ၄၊ ၂၀၀၈ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၈၄)

သက်သာခွင့်ကို ခွင့်ပြု

သာမန်ဥပဒေသမှာ အမှုသည်တို့၏ အခွင့်အရေးကို အမှုစွဲဆိုသည့်နေ့၌ တည်ရှိသည့်အတိုင်း ဆုံးဖြတ်ရန် ဖြစ်သည်။ အမှုစွဲဆိုပြီးမှ ရရှိသော အခွင့်အရေးများအပေါ်အခြေခံ၍ အဆုံးအဖြတ် ပေးရန် မဟုတ်ပေ။ သို့ဖြစ်ရာ တရားစွဲဆိုစဉ်က တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်သေးလျှင် တရားစွဲဆိုပြီးမှ ပေါ်ပေါက်သည့် တရားစွဲဆို နိုင်ရန် အကြောင်းကို အခွင့်ကောင်းယူကာ သက်သာခွင့် တောင်းခြင်းကို သာမန်အားဖြင့် ခွင့်ပြုမည်မဟုတ် ချေ။ သို့ရာတွင် အခြေအနေများပြောင်းလဲလာခြင်းကြောင့် မူလတောင်းဆိုသော သက်သာခွင့်မှာ မဆီလျော်တော့လျှင် သို့မဟုတ် အမှုဆိုင်ခြင်းကို တိုတောင်းစေရန်ဖြစ်စေ၊ အမှုသည်များအကြား တရားမျှတမှု အပြည့်အဝ ဖြစ်စေရန်ဖြစ်စေ ပြောင်းလဲ လာသော အခြေအနေများအရ တရားရုံးက အဆုံးအဖြတ်ပေးရန် လိုအပ်လျှင် တရားရုံးသည် အထက်ပါ ဥပဒေသမှ သွေဖည်ကာ ပြောင်းလဲလာသော အခြေအနေများအပေါ်အခြေခံ၍ သက်သာခွင့်ကို ခွင့်ပြုရန်ဖြစ်သည်။ မူလရုံးက ပဏာမဒီကရီချမှတ် ပြီးနောက် အထူးအယူခံမတိုင်မီတွင် ဦးညွန့်မောင် ကွယ်လွန်သွား၍ အခြေအနေပြောင်းလဲသွားခဲ့သည့် မအေးအေးထိုက်တို့၏ ရပိုင်ခွင့်ဝေစု တိုးသွားသည်။ ဤအခြေအနေတွင် မအေးအေးထိုက်တို့နှင့် ဒေါ်ခင်အေးကြည်တို့အကြား အမှုတိုးပွားခြင်းကို ရှောင်လွှဲရန်နှင့် အမှုသည်အကြား ပြီးပြည့်စုံသည့် တရားမျှတမှုဖြစ်စေရန် တရားရုံးသည် ပြောင်းလဲ သွားသည့် အခြေအနေနှင့် ကိုက်ညီသည့် သက်သာ ခွင့်ကို ခွင့်ပြုမှသာလျှင် မှန်ကန်မျှတမည် ဖြစ်သည်။
(မအေးအေးထိုက်ပါ ၂ နှင့် ဒေါ်ခင်အေးကြည် (ကွယ်လွန်သူ ဦးညွန့်မောင်၏ တရားဝင်ကိုယ်စား လှယ်)၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၄၈၀(၄၈၁))

သို့ဖြစ်ရာ ဆွေမျိုးရင်းခြာများအကြား မလိုလားအပ်သော အငြင်းပွားမှုများဖြင့် အချိန်ကုန်ငွေကုန် အမွေ ပုံကုန်မှပြီး မဖြစ်ကြရလေအောင် အမွေမှု၏ အခြေခံသဘောတရားများကို အလွယ်တကူလေ့လာ အသုံးပြု နိုင်စေရန် ရေးသားတင်ပြအပ်ပါသည်

သတင်းဆောင်းပါး - ဦးကျော်ကျော် (တရားရေး)

မြို့နယ်တရားရုံးများ၏တရားခွင်တွင် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်များ ဝတ်စားဆင်ယင်မှု ပြင်ဆင်သတ်မှတ်ခြင်းကိစ္စ
04/06/2024

မြို့နယ်တရားရုံးများ၏တရားခွင်တွင် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်များ ဝတ်စားဆင်ယင်မှု ပြင်ဆင်သတ်မှတ်ခြင်းကိစ္စ

မြို့နယ်တရားရုံးများအား တရားမမှုခင်းများကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းပေးခြင်း၁-၄-၂၀၂၄ရက်မှစ၍ အကျိုးသက်ရေ...
14/02/2024

မြို့နယ်တရားရုံးများအား တရားမမှုခင်းများကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းပေးခြင်း
၁-၄-၂၀၂၄ရက်မှစ၍ အကျိုးသက်ရောက်ပါမည်

VIDEO CONFERENCING စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူမ...
15/12/2023

VIDEO CONFERENCING စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

🄰 ⚜ 🄳 ⚜ 🄸 ⚜ 🄿 ⚜ 🄰 ⚜ 🅃 ⚜ 🄸

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်‌ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၂၁၀) ဦးသည် အခမ်းအနားတက်ရောက်ရမည်ဖြစ်ပါသည်။

(၂၂-၁၂-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၂၁၀) ဦးသည် (၂၁-၁၂-၂၀၂၃) ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့် (၂၂-၁၂-၂၀၂၃) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတို့ကို တက်ရောက်ရမည်ဖြစ်ပါသည်။

အခမ်းအနားနှင့်ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Passcode၊ ကတိသစ္စာပြုလွှာတို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် ပူးတွဲပါစည်းကမ်းများ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

➖➖ 🅢🅞🅤🅡🅒🅔 > USC ➖➖
(ပြည်ထောင်စုတရားလွှတ်တော်ချုပ် Website မှ ကူးယူဖော်ပြသည်။)
# crd

စာချုပ်ခေါင်းပုံစံများ အဆင့်ဆင့်ပြောင်းလဲမှု/******************************************အသုံးပြုခဲ့မှု တို့ကို***********...
08/10/2023

စာချုပ်ခေါင်းပုံစံများ အဆင့်ဆင့်ပြောင်းလဲမှု/
******************************************
အသုံးပြုခဲ့မှု တို့ကို
*****************
မှတ်သား သိရှိနိုင်စေရန်အတွက် ဗဟုသုတ အဖြစ် **********************************************
ပြန်လည်မျှဝေပါသည်
********************

၁၉၇၄ မှ ၁၉၈၈ ထိ
******************
၁၉၈၉ မှ ၂၀၁၀ ထိ
******************
၂၀၁၁ မှ ယနေ့အထိ
*******************

Photo- crd🙏🏽

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်
25/09/2023

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၂/၂၀၂၃) သင်တန်းသားခေါ်ယူခြင်း https://ipd.gov.mm/news-and-resourc...
05/07/2023

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၂/၂၀၂၃)
သင်တန်းသားခေါ်ယူခြင်း
https://ipd.gov.mm/news-and-resources/news/news/post-45 တွင် သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံအား Download ရယူနိုင်ပါသည်။

# IP Myanmar

29.6.2023အစ်နေ့⭐️⭐️⭐️⭐️⭐️ရုံးပိတ်ရက်
24/06/2023

29.6.2023
အစ်နေ့⭐️⭐️⭐️⭐️⭐️
ရုံးပိတ်ရက်

အခွန်ရှောင်ရှားခြင်း၊အခွန်လျော့နည်းပေးဆောင်ခြင်း၊အခွန်ဆိုင်ရာသတင်းအချက်အလတ်များလွှဲမှားဖော်ပြခြင်းနှင့်အခွန်ရှောင်တိမ်းခ...
17/12/2022

အခွန်ရှောင်ရှားခြင်း၊အခွန်လျော့နည်းပေးဆောင်ခြင်း၊အခွန်ဆိုင်ရာသတင်းအချက်အလတ်များလွှဲမှားဖော်ပြခြင်းနှင့်အခွန်ရှောင်တိမ်းခြင်းဟူသည့်စကားရပ်များ၏အဓိပ္ပာယ်ကိုရှင်းလင်းစွာသိရှိစေနိုင်ရန်နှင့်အဆိုပါဆောင်ရွက်ချက်များအပေါ်အရေးယူဆောင်ရွက်မည့်ကိစ္စရပ်များကိုသိရှိနိုင်ရန်

၁-၁-၂၀၂၃ရက်နေ့တွင်စတင်အကျိုးသက်ရောက်‌
စေရမည်ဖြစ်ပါသည်

Photo-Crd

Address

118(A) Road, BET 45 & 46ST, AUNGTHARYAR QUARTER
Mandalay
05011

Telephone

+959402532159

Website

Alerts

Be the first to know and let us send you an email when Honester Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Honester Law Firm:

Share