U Kaung Htet Paing Phyo-အထက်တန်းရှေ့နေ

  • Home
  • Myanmar
  • Hlegu
  • U Kaung Htet Paing Phyo-အထက်တန်းရှေ့နေ

U Kaung Htet Paing Phyo-အထက်တန်းရှေ့နေ legal profession is a Nobel profession

တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ တိုက်ခန်းဝယ်တော့မယ်ဆိုရင်. တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယ...
15/11/2024

တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ

တိုက်ခန်းဝယ်တော့မယ်ဆိုရင်.
တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။
အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။
ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။
စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။ ဝယ်ယူသူတွေအနေနဲ့
တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။
ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။
ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။
တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး စလွယ်လုပ်တတ်ကြပါတယ်။
ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။
ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။
မြေရှင်လက်မှတ်ယူပါ။
တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။
‌အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး (တစ်ရာခိုင်နှုန်း/နှစ်ရာခိုင်နှုန်း)ပေးရပါတယ်။
မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။
စာကြွင်း(မြေရှင်လက်မှတ်ပါမှ တရားဝင်သည်ဟု
မည်သည့်ဥပဒေမှာမှမသတ်မှတ်ထားပါ
မြေရှင်လက်မှတ်မပါလည်း အရောင်းဝယ်ပြီးမြောက်ပါတယ်)

Crd.

14/11/2024

''မြန်မာဗုဒ္ဓဘာသာ လင်ယောက်ျားသည် ခရစ်ယာန်ဘာသာသို့ကူးပြောင်းပြီး နောက်အိမ်ထောင်ပြုသည်။နောက်အိမ်ထောင်သည်တရားမဝင်ပေ။အကြောင်းမှာ မြန်မာဓလေ့ထုံးတမ်းအရ ဘာသာကူးပြောင်းခြင်းသည် မူလထိမ်းမြားခြင်းကို မပျက်ပြယ်နိုင်သောကြောင့်ဖြစ်သည်။

''မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတစ်ယောက်သည် ဘာသာခြားယောကျ်ားတစ်ဦးနှင့် အကြင်လင်မယားအဖြစ်အထင်အရှားပေါင်းသင်နေထိုင်လျှင် ဘာသာခြားယောကျ်ားတစ်ဦး ဥပဒေသည် မည်သို့ပင်ဆိုစေကာမူ ပေါင်းသင်းချိန်မှစ၍ ''မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ''အရထိမ်းမြားခဲ့သည်ကိုမှတ်ယူ၍ လင်မယားကွာရှင်းမှု၊အမွေခွဲဝေမှုနှင့်သားသမီးထိန်းသိမ်းမှုတို့ကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆုံးဖြတ်မည်။

''၁၈၇၂ခုနှစ် ခရစ်ယာန်ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေ ပုဒ်မ၄နှင့်၅ တို့အရ သက်ဆိုင်ရာထိမ်းမြားလက်ထပ်ရေး၊မှတ်ပုံတင်အရာရှိ၊ထိမ်းမြားလက်ထပ်ရန် လက်မှတ်ရေးထိုးပေးပိုင်ခွင့်ရှိသူ၊သက်ဆိုင်ရာဘာသာဘုန်းတော်ကြီး အစရှိသူတို့ရှေ့တွင် ခရစ်ယာန်ထိမ်းမြားခြင်းအက်ဥပဒေအရ ထိမ်းမြားလျှင် ဘာသာကူးပြောင်းရန်မလိုပါ။ထိမ်းမြားလက်ထပ်မှုသည်တရားဝင်ပါသည်။ထိုသို့လက်ထပ်ထိမ်းမြားခြင်းမပြုလုပ်ခဲ့ပါကမြန်မာ ဗုဒ္ဓဘာသာဝင်အမျိုးသားတစ်ယောက်နှင့်ခရစ်ယာန်ဘာသာဝင်အမျိုးတစ်ယောက်တို့သည် အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်စေကာမူ တရားဥပဒေအရ တရားဝင်အကြင်လင်မယား အဖြစ်မရောက်ရှိပေ။

🖤မိမိလေ့လာသမျှကိုဗဟုသုတအနေဖြင့်သာမျှဝေခြင်းဖြစ်သည်။🖤
ဦးကောင်းထက်ပိုင်ဖြိုး
အထက်တန်းရှေ့နေ
📱 09420108794 📱



#စာချုပ်ရှေ့နေ






#ဥပဒေ
#ရှေ့နေ
#ဥပဒေအကြံပေး

13/11/2024

လက်ထပ်စာချုပ်မှာ မဖြစ်မနေ ပါသင့်တဲ့အချက် ......…....................................................................................

လက်ထပ်စာချုပ်မှာ ဖြည့်စွက်ရမှာတွေ၊ပါဝင်သင့်တာတွေ သိထားသင့်ပြီး သေချာ ဖြည့်ဖို့ လိုပါတယ်။ ဒါမှ လက်ထပ်စာချုပ် လိုအပ်ချက်ကြောင့် လက်မှတ်ထိုးတာ မနောက်ကျမှာပါ။

စုံတွဲလေးတို့ရေ မင်္ဂလာလက်မှတ်ရေးထိုးတယ်ဆိုတာ တကယ့်ကို ကြီးကျယ်ခမ်းနားပြီး မင်္ဂလာပွဲတွေ အားလုံးထဲမှာ အလေးနက်ဆုံး ပွဲလေး တစ်ပွဲပါ။ ဘဝအတွက် တစ်သက်စာ တန်ဖိုးထားပြီး သိမ်းရမယ့် အဖိုးတန်ပစ္စည်းတစ်ခုဖြစ်တာမို့ ဘယ်အချက်မှ လွဲချော်မှားယွင်းလို့ မရပါဘူးနော်။ စုံတွဲလေး တော်တော်များများက လက်မှတ်ထိုးရမယ့် ရက်နဲ့ တရားရုံးမှာ အဆင်ပြေ မပြေကိုပဲ အာရုံစိုက်ကြပြီး လက်ထပ်စာချုပ်မှာ ထည့်သွင်းရေးသားရမယ့် အချက်တွေကိုတော့ မေ့နေတတ်ပါတယ်။ တကယ်တော့ နှစ်ခုစလုံးကို သေချာ ဂရုစိုက်ရမှာပါ။ ဘယ်အချက်တေကို သတိထားပြီး ထည့်သွင်း ရေးသားရမလဲဆိုတာ ပြောပြမယ်နော်။

လက်မှတ်ထိုးတဲ့အခါ

မှတ်ပုံတင်

လက်ထပ်စာချုပ်မှာ ဖြည့်စွက်ရမယ့် မှတ်ပုံတင်က အရေးကြီးပါတယ်။ မှတ်ပုံတင်ထဲက အတိုင်းပဲ အကုန်လုံး ဖြည့်ရပါမယ်နော်။ တချို့က မွေးနေ့သက္ကရာဇ်မှာ လ အပြောင်းအလဲ ခုနှစ် အပြောင်းအလဲ ရှိတတ်ကြတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်ပုံတင်ထဲကအတိုင်း ထည့်ဖို့ မမေ့ပါနဲ့နော်။

နာမည်

တချို့စုံတွဲလေးတွေမှာ အမည်ပြောင်းလို့ပဲ ဖြစ်ဖြစ် (ခ) ဆိုပြီး နာမည် (၂) မျိုး ဖြစ်နေတတ်ပါတယ်။ မှတ်ပုံတင်ထဲကအတိုင်းပဲ ဖြစ်ဖို့ လိုပါတယ်။ အဖအမည် နေရာမှာလည်း သေချာအောင် စာလုံးပေါင်း မမှားအောင် ဂရုစိုက်ပြီး ဖြည့်ပါ။ တချို့ဆို စာလုံးပေါင်းမှားလို့ ပြန်ပြင်ရတာမျိုးဆိုရင် အခက်တွေ့နိုင်ပါတယ်။

သေချာဂရုစိုက်ပါ

လူမျိုးနဲ့ဘာသာ

စုံတွဲလေးတို့ရေ ဘာသာနဲ့ လူမျိုးမှာလည်း မှတ်ပုံတင်ထဲကအတိုင်း ဖြစ်ရမှာပါ။ မှတ်ပုံတင် ကိုးကွယ်သည့်ဘာသာမှာ (+) တွေ ပါရင်လည်း အဲဒီအတိုင်း ဖြစ်ဖို့ အရေးကြီးပါတယ်။ အဓိကကတော့ မှတ်ပုံတင်အတိုင်း တစ်သွေမသိမ်း ဖြစ်ရမှာပါ။

ပုံနှိပ်စာလုံး

လက်ထပ်စာချုပ်မှာ လက်ရေးနဲ့ ဖြည့်ကြတာလည်း ရှိပေမယ့် ပုံနှိပ်စာလုံးနဲ့ ရိုက်တာ အသေချာဆုံးပါပဲ။ တခါတလေမှာ ပုံနှိပ်စာလုံး ဖြစ်မှ အဆင်ပြေမယ်လို့ ပြောတာတွေလည်း ရှိတာကြောင့်ပါ။ ဒါကြောင့် ပုံနှိပ်စာလုံးပဲ ရွေးချယ်ပါ။

လက်ထပ်စာချုပ်

အသိသက်သေ

လက်ထပ်စာချုပ် ပြင်ဆင်ရာမှာ အသိသက်သေ (၂) ဦးလိုပါတယ်။ အဲဒီ အသိသက်သေနေရာမှာ လက်မှတ်ထိုးမယ့်သူရဲ့ အချက်အလက်တွေ ထည့်ပြီးရင် မလာဖြစ်တော့တာ မအားဖြစ်တော့တာတွေ ရှိတာကြောင့် သေချာတဲ့သူ ဖြစ်ဖို့ လိုပါတယ်နော်။ အချက်အလက်တွေ ဖြည့်ပြီးမှ ပြန်ပြင်မယ်ဆိုရင် အသစ်ပြန်လုပ်မှ အဆင်ပြေမှာပါ။ ဒါကြောင့် သေချာတဲ့သူပဲ ရွေးချယ်ပါ။

နောက်ထပ်ဖြည့်စွက်ရမယ့်အချက်တွေ

နောက်ထပ် ဖြည့်စွက်ရမယ့် အချက်တွေကတော့ အလုပ်အကိုင်လည်း သေချာ ထည့်ဖို့ လိုပါတယ်။ သတို့သားရော သတို့သမီးရော မဖြစ်မနေ ထည့်ရမယ့် အချက်ပါ။ အလုပ်အကိုင်နေရာမှာ လစ်လပ်နေလို့ မရပါဘူးနော်။ နောက်ပြီး တံဆိပ်ခေါင်း ပါ မပါ စစ်ပါ။ မှတ်ပုံတင် မူရင်း မိတ္တူ (၂) စောင် လိုပါတယ်။ အသိသက်သေတွေရဲ့ မှတ်ပုံတင် မူရင်း မိတ္တူတွေလည်း လိုပါတယ်နော်။ အားလုံး သေချာစစ်ဖို့ သတိပြုပါနော်။

မင်္ဂလာလက်မှတ်ရေးထိုးမယ့် စုံတွဲလေးတိုင်း လက်ထပ်စာချုပ်မှာ ဖြည့်စွက်ရမှာတွေ၊ မဖြစ်မနေ ပါဝင်သင့်တာတွေ အားလုံးကို သိထားသင့်ပြီး သေချာ ဖြည့်စွက်ဖို့ လိုပါတယ်။ ဒါမှ လက်ထပ်စာချုပ် လိုအပ်ချက်ကြောင့် လက်မှတ်ထိုးတာ မနောက်ကျမှာပါ။
Crd
#လက်ထပ်စာချုပ်

ကန့်ကွက်နိုင်ပါသည်
13/11/2024

ကန့်ကွက်နိုင်ပါသည်

12/11/2024

#တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ

#ပုဒ်မ၁၀ - ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ၊ လင်နှင့်မယားတစ်ဦး (သို့) တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောက်ျား(သို့) မိန်းမသည် အဆိုပါထိမ်းမြားမှု တည်မြဲနေစဥ်ကာလအတွင်း ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ (သို့) လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။

#ပုဒ်မ၁၂- မည်သူမျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ဓလေ့ထုံးတမ်းအရဖြစ်စေ၊ ထိမ်းမြားမှုအတည်ဖြစ်နေစဥ် ထပ်မံ၍ ထိမ်းမြားမှုမပြုရ (သို့) လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။

#ပုဒ်မ၁၃ - မည်သူမဆို ပုဒ်မ ၁၀ (သို့) ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၇) နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင်၊ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ဖတ်ရှုလေ့လာမှုများကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်
ဦးကောင်းထက်ပိုင်ဖြိုး
အထက်တန်းရှေ့နေ
📱 09420108794 📱



#စာချုပ်ရှေ့နေ






#ဥပဒေ
#ရှေ့နေ
#ဥပဒေအကြံပေး

12/11/2024

အ‌သရေဖျက်မူ
ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၉၉/၅၀၀/၅၀၁။ ။မည်သူမဆိုနုတ်ဖြင့်ဖြစ်စေ၊ဖတ်ရူ့စေရန်ကြံရွယ်သည့်စကားဖြင့်ဖြစ်စေ၊အမှတ်အသားဖြင့်ဖြစ်စေ၊ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ လူတစ်ဦးတစ်ယောက်၏အသရေကိုနစ်နာစေရန်အကြံဖြင့် သော်လည်းကောင်း ထိုသူနှင့် စပ်လျဉ်းသောစွပ်စွဲခြင်းသည်ထိုသူ၏အသရေကိုနစ်နာစေမည်ဟုသိလျက်နှင့်သော်လည်းကောင်း၊ထိုသို့ယုံကြည်ရန်အကြောင်းရှိလျက်နှင့်သော်လည်းကောင်း၊ထိုသူနှင့်စပ်လျဉ်းသောစွပ်စွဲချက်ကိုပြုလျင် သို့တည်းမဟုတ် ကြေညာလျင် မည်သူမဆို အခြားသူ တစ်ဦး၏အသရေကိုဖျက်လျင်ထိုသူကိုနှစ်နှစ်ထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်။
ရည်ရွယ်ချက်။ ။လူသည်တစ်ဦးတည်းထီးထီးနေ၍မရ၊အစုအဝေးနှင့်နေကြသည့်အလျောက် လူတစ်ယောက်၏ ဂုဏ်သတင်း တစ်နည်းအားဖြင့်အသရေသည် အရေးကြီးသည့် ကဏ္ဌ တစ်ရပ်ဖြစ်သည်။လူတစ်ဦး၏ အသရေ သည်ထိုသူ၏ ပစ္စည်း သို့မဟုတ် အခြားပိုင်ဆိုင်ခွင့်များနည်းတူဥပဒေ၏အကာအကွယ်ကိုရသင့်ရထိုက်သည့်အလျောက်ဤပုဒ်မအားပြဠာန်းထားခြင်းဖြစ်သည်။
အသရေဖျက်မူမြောက်ရန်အောက်ပါအချက်များရှိရပေမည်။
(၁)တရားခံသည်စွပ်စွဲချက်တစ်ခုခုကိုပြုခြင်း၊သို့မဟုတ်ကြေငြာခြင်း။
(၂)ထိုစွပ်စွဲချက်သည်လူတစ်ယောက်နှင့်စပ်လျဉ်းခြင်း။
(၃)ယင်းစွပ်စွဲချက်ကို
(က)နုတ်ဖြင့်ဖြစ်စေ
(ခ) စာဖြင့်ဖြစ်စေ
(ဂ)အမှတ်အသားဖြင့်ဖြစ်စေ
(ဃ)ထင်ရှားသောပုံသဏ္ဍာန်ဖြင့်ဖြစ်စေပြုခြင်း၊
(၄)တရားခံသည်ထိုသူ၏အသရေကိုနစ်နာစေရန်အကြံဖြင့်သော်လည်းကောင်းနစ်နာစေမည်ဟုသိလျက်နှင့်သော်လည်းကောင်း၊နစ်နာစေမည်ဟုယုံကြည်ရန်အကြောင်းရှိလျက်နှင့်သော်လည်းကောင်းပြုခြင်း၊
တရားခံ၏စွပ်စွဲချက်ကြောင့်တရားလိုတွင်ထိခိုက်နစ်နာခဲ့သည်ဟုသက်သေယူရန်မလိုပေ။တရားလို၏အသရေကိုထိခိုက်စေမည်ဟုသိလျက်နှင့်ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ထိခိုက်နစ်နာစေရန်အကြံဖြင့်ပြုလျင်တရားလို၌တကယ်ပင်ထိခိုက်နစ်နာမူမရှိစေကာမူပြစ်မူမြောက်သည်။ တရားခံ၏စွပ်စွဲချက်ကို အများပြည်သူက ယုံကြည်ရန်မလိုပေ၊ တရားခံ၏စွပ်စွဲချက်သည် အခြေအမြစ်မရှိ၍ ယုံကြည်ရန်အကြောင်းမရှိစေကာမူ ထိုစွပ်စွဲချက်သည် တရားလို၏ အ‌သရေကို ထိခိုက်စေလျင် အသရေ ပျက်မူဖြစ်သည်။
ကျင့်ထုံး။ ။ရဲအရေးမပိုင်၊ကနဦးကပင် ဝရမ်းထုတ်ပေးနိုင်သည်၊အာမခံပေးနိုင်သည်၊ကျေအေးခွင့်ရှိသည်၊နစ်နာသူက တိုင်တန်းမှအရေးယူနိုင်မည်ဖြစ်သည်၊ဇနီးဖြစ်သူကိုအသရေပျက်အောင်ပြောဆိုရေးသားသူအား ပြစ်မူဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၈ တွင် နစ်နာသူအချို့က တရားစွဲနိုင်သည်ဟု ပြဠာန်း ထားသောကြောင့် လင်ဖြစ်သူသည် ဇနီးအား အသရေပျက်စေသည့် ကိစ္စ ၌ကိုယ်တိုင်နစ်နာသူဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။
ဦးကောင်းထက်ပိုင်ဖြိုး
အထက်တန်းရှေ့နေ
📱 09420108794 📱



#စာချုပ်ရှေ့နေ






#ဥပဒေ
#ရှေ့နေ
#ဥပဒေအကြံပေး

12/11/2024

ထိမ်းမြားခြင်းဆိုင်ရာပြစ်မှုများ
ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ ၄၉၅ ။ ။မည်သူမဆို နောက်ထပ်ထိမ်းမြားသူအား အထက်ကထိမ်းမြားခြင်း အကြောင်းကိုထိန်ချန်၍ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မ၌ ဖော်ပြထားသည့် ပြစ်မှုကိုကျူးလွန်လျှင် ဆယ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ရည်ရွယ်ချက်။ ။အမျိုးသမီးတစီးအားယခင်ကထိမ်းမြားခဲ့သည်ဆိုခြင်းကိုအသိမပေးဘဲ မယားမြှောင်အဖြစ်သိုပို့ဆောင်သူကိုပို၍ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်ရန်ရည်ရွယ်သည်။ဤပုဒ်မ ပါစကားရပ်အရအမျိုးသားကိုသာမက အမျိုးသမီးကိုလည်းအရေးယူနိုင်မည်ဖြစ်သည်။

ဤပုဒ်မနှင့်အကျုံးဝင်ရန်အောက်ပါအင်္ဂါရပ်များရှိရပေမည်။

(၁)ပုဒ်မ ၄၉၄ တွင်ဖော်ပြထားသော အင်္ဂါရပ်များ။(ယခင်ပိုစ့်တွင်ဖော်ပြပြီး)

(၂)တရားခံသည်နောက်ထပ်ထိမ်းမြားသူအား ယခင်က ထိမ်းမြားခြင်းအကြောင်းကို ထိမ်ချန်ထားခြင်း။

ကျင့်ထုံး ။ ။ရဲအရေးမပိုင်၊အာမခံပေးနိုင်၊ကျေအေးခွင့်မရှိ၊ ဤပုဒ်မတွင် နစ်နာသူ၏တိုင်တန်းချက်ရှိမှသာတရားရုံးမှအရေးယူနိုင်သည်။(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉၈ အရ)
ဦးကောင်းထက်ပိုင်ဖြိုး
အထက်တန်းရှေ့နေ
📱 09420108794 📱



#စာချုပ်ရှေ့နေ






#ဥပဒေ
#ရှေ့နေ
#ဥပဒေအကြံပေး

12/11/2024

#ကွာရှင်းခြင်း(Divorce)

✍မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်းမှာ လင်နှင့်မယားတို့နှစ်ဦးသဘောတူ ပြုလုပ်သောကိစ္စဖြစ်၍ ကွာရှင်းရေးတွင်လည်း နှစ်ဦးသဘောတူ အချိန်မရွေး ကွာရှင်းနိုင်သည်။

✍လင်မယားကွာရှင်းရေး၌ စာချုပ်စာတမ်းမလိုသော်လည်း စာချုပ်စာတမ်းပြုလုပ်ထားလျှင် နောက်အရှုပ်အထွေးဖြစ်ပေါ်က စာချုပ်စာတမ်းသည် အခိုင်အမာဆုံး သက်သေခံချက်ဖြစ်သည်။

✍မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ နှစ်ဦးသဘောတူ ကွာရှင်းလျှင် လင်ခန်းမယားခန်းပြတ်စဲသည်။ ''မနှင်းငုံနှင့် မောင်အောင် (S.J.L.B73)''

✍လင်ခန်း မယားခန်းပျယ်ပြယ်ပြတ်စဲရန် အဓိကအကြောင်း (၃) မျိုးရှိသည်။ ၎င်းတို့မှာ -
(၁) နှစ်ဦးသဘောတူကွာရှင်းပြတ်စဲခြင်း
(၂) လင်ဖြစ်သူရဟန်းဘောင်သို့ ကူးပြောင်းခြင်း
(၃) အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်းများဖြစ်သည်။

✍ဟန်​ဆောင်ကွာရှင်းခြင်းကိုလည်း အသိအမှတ်ပြုကြောင်း ''ဒေါ်တင်နှင့် ဒေါ်ခင်ခင်စော(၁၉၆၇၊ မတစ၊ စာ-၃၃၆)'' စီရင်ထုံးတွင် ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။

✍လင်ဖြစ်သူ ရဟန်းဘောင်သို့ ကူးပြောင်းလျှင် လင်ခန်းမယားခန်းပြတ်စဲသည်။ ''မောင်ညွန့်တင်နှင့် မပု (B.L.R 1954 H.C 96)''

✍အိမ်ထောင်ရေး ပြစ်မှုများမှာ သာမန်အိမ်ထောင်ရေးပြစ်မှု နှင့် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဟူ၍ ခွဲခြားပြထားပါသည်။

✍သာမန်အိမ်ထောင်ရေးပြစ်မှုတွင် လီဆယ်မှု၊ လင်ယောက်ျားတစ်ပါးသူနှင့်ဖောက်ပြန်မှု၊ နောက်မယားယူမှု၊ စွန့်ပစ်မှု၊ ရက်စက်မှုဟူ၍ (၅) မျိုးဖော်ပြထားသည်ကိုတွေ့ရသည်။

✍လီဆယ်ခြင်းအကြောင်းပြ၍ လင်မယားကွာရှင်းရန် တရားစွဲဆိုသော်လည်း ထိုအချက်နှင့်ပတ်သက်၍ ကွာရှင်းခွင့်ရသည့် အမှုမတွေ့ရသေးကြောင်းဖော်ပြထားသည်။

✍စွန့်ပစ်မှုနှင့် ပတ်သက်၍ မနုကျယ်ဓမ္မသတ်အရ လင်ဖြစ်သူက မယားဖြစ်သူအား (၃)နှစ်၊ မယားဖြစ်သူက လင်ဖြစ်သူအား (၁)နှစ် စွန့်ပစ်၍
ထောက်ပံံ့ခြင်းမပြုလျှင် လင်မယားကွာရှင်းပြီးဖြစ်သည်။

✍ရက်စက်မှုတွင် သာမန်ရက်စက်မှုနှင့် ကြီးလေးသောရက်စက်မှုဟူ၍ (၂) မျိုးရှိကြောင်းတွေ့ရသည်။ ရက်စက်မှုဆိုရာတွင် ကိုယ်ကာယသာမက စိတ်ဆင်းရဲခြင်းဖြစ်အောင် ပြုလုပ်ခြင်းလည်းပါဝင်သည်။

✍စိတ်ဆင်းရဲခြင်းဖြစ်အောင် ရက်စက်မှုပြုလျှင် ကွာရှင်းခွင့်ရသည်။ '' မစ္စစ်ပရိုဘီမာရိုရ်နှင့် ဘီမာလင်ဒုရိုရ် (1953 B.L.R 526)''

✍လင်သည်မယားအား စိတ်နာအောင် လင်ငယ်နေသည်ဟု အမြဲစွပ်စွဲခြင်းသည် တရားဥပဒေအရ ရက်စက်မှုမြောက်သည်။ ''မောင်ဖိုးအောင်၊မညိမ်း''

✍လင်ဖြစ်သူထံမှ မယားဖြစ်သူကို ကာလသားရောဂါ ကူးစက်ခြင်းသည် တရားဥပဒေအရ ရက်စက်ခြင်းမည်သည်။ ''မစ္စတ္တာအာဂျူးဘတ်ဘွားနှင့် မစ္စစ်အာဂျူးဘတ်ဘွား (1948 B.L.R 132)''

✍ရက်စက်မှုဆိုသည်မှာ ကိုယ်ခန္ဓာကိုသော်လည်းကောင်း၊ ကျန်းမာရေးအသက်ကိုလည်းကောင်း၊ အန္တရာယ်ဖြစ်စေလိမ့်မည်ဟု စိုးရိမ်မကင်းသည့်ပြုမှုချက်ကို ဆိုလိုသည်။ ''မစ္စပါး(လ်)ကျော်နှင့် ဦးကျော် (၁၉၆၇၊ မတစ၊ ၂၄၉)

✍မယားဖြစ်သူအား လင်ငယ်နေသည်ဟု အစဥ်သဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသည် ဥပဒေအရ ရက်စက်မှုဖြစ်သည်။ ''မောင်သိန်းရွှေနှင့် ဒေါ်တင်မြ (1978 B.L.R (C.C) 110)''

✍ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုများတွင် မယားဖြစ်သူတစ်ပါးသူနှင့် ကျူးလွန်သောအမှုသည် ကြီးလေးသော ရက်စက်မှုသတ်မှတ်ပြီး လင်၌ကွာရှင်းခွင့်ရှိသည့်အပြင် မယား၏ပြစ်မှုထင်ရှားအောင်ပြုနိုင်လျှင် လင်မယားနှစ်ဦးအကျိုးနှင့် သက်ဆိုင်သည့်ပစ္စည်းမှ မိမိဝေစုဆုံးရှုံးခဲ့သည်။ ''မောင်ပြားကြီးနှင့် မောင်ဖိုးခ (9 B.L.T 74)''

✍မယားဖောက်ပြန်သည်ဆိုသောအမှုတွင် လင်၏စွဲ ဆိုချက်နှင့် မသင်္ကာဖွယ်ရာ စာရွက်စာတမ်းများတွေ့ရှိရုံမျှဖြင့် မလုံလောက်ပေ။ မယားတစ်ပါးသူနှင့် ကျူးလွန်ခဲ့ကြောင်း ထင်ရှားသည့် သက်သေခံချက်များလိုအပ်ပေသည်။ ''(ဒေါ်လှချစ်နှင့် ဦးစံ ၁၉၆၅ မတစ ၁၈၇)''

✍လင်ဖြစ်သူသည် မယားဖြစ်သူတစ်ပါးသူနှင့်ဖောက်ပြန်ကြောင်း သက်သေထင်ရှားပြနိုင်မှ လင်ဖြစ်သူသည် နှစ်ပါးစုံပစ္စည်းကိုသိမ်းယူခွင့်ရှိကြောင်း ဆုံးဖြတ်ထားသည်။ ''ဒေါ်သိန်းမြနှင့် ဒေါ်ကျင် (ခေါ်) အကျင် (1984 B.L.R (C.C) 288)''

✍ကြီးလေးသောရက်စက်မှုကို ကျူးလွန်လျှင် ပါရင်းပစ္စည်းအပါအဝင် လင်မယားနှစ်ဦးပိုင်ပစ္စည်းများမှ လင်ရသည့်ဝေစုအားလုံး ဆုံးရှုံးကြောင်း ဆုံးဖြတ်ထားသည်။ ''ဒေါ်ပုနှင့် မောင်ထွန်းခ (1946 R.L.R 105)''

ဖတ်ရှုလေ့လာမှုများကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်

Kaung Htet Paing Phyoe
အထက်တန်းရှေ့နေ
Phone-09420108794

ကန့်ကွက်နိုင်ပါသည်
12/11/2024

ကန့်ကွက်နိုင်ပါသည်

အများသိစေရန်ကြေငြာခြင်း
12/11/2024

အများသိစေရန်ကြေငြာခြင်း

Address

463P+CG7
Hlegu

Website

Alerts

Be the first to know and let us send you an email when U Kaung Htet Paing Phyo-အထက်တန်းရှေ့နေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category