Highsee12

Highsee12 HighSee12 Lawyers Associate Ignorance of fact may excuse, but not ignorance of law

01/02/2026
31/05/2025
18/03/2025

တစ်နှစ်ကို သိန်း၈၀ကျော်ရရှိနိုင်မယ့် အုန်းချိုမွေးစိုက်ပျိုးနည်း

အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း ၈၀ ကျော်ရရှိနိုင်တယ်။ တစ်လကို ၆ သိန်းကျော် ရပါလိမ့်မယ်။
အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။ ၂နှစ်ခွဲ ၃နှစ်မှာ စသီးပါတယ်။
၄နှစ် အထက်ဆိုရင် အသီးကောင်းပါမယ်။ အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့် တစ်ပင်နဲ့တစ်ပင်ကို ခပ်စိပ်စိပ် စိုက်နိုင်တယ်။
အုန်းတစ်ပင်နဲ့တစ်ပင် ၅မီတာ(၁၆ပေကျော်) ကြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် ၁၆၀ စိုက်လို့ရတယ်။
အုန်းချိုမွှေးတစ်ခိုင်မှာအလုံး ၅ လုံးမှ ၂၀ လုံးအထိ သီးတယ်။ အုန်းချိုမွှေး အရည်သောက်အရွယ်ကို ရက် ၂၀ မှာ တစ်ခိုင် ခုတ်နိုင်တယ်။ တနှစ်မှာ ၁၈ ခိုင်ရတယ်။
တစ်ဧက အပင် ၁၆၀ x တစ်နှစ် ၁၈ ခိုင် = ၂၈၈၀ ခိုင်ရမယ်။ တစ်ခိုင်မှာဖျမ်းမျှ ၇ လုံး x တစ်နှစ် တစ်ဧက ၂၈၈၀ ခိုင် = ၂၀၁၆၀ လုံး။
ထိုင်းနိုင်ငံမှာ ခြံဈေးအကျဆုံးအချိန်က ကျပ်ငွေ ၄၀၀ ဖြစ်တယ်။ တစ်ဧက တစ်နှစ် ၂၀၁၆၀ လုံး x တစ်လုံး ၄၀၀ ကျပ် = ၈၀၆၄၀၀၀ကျပ်
အုန်းချိုမွှေးစိုက်နည်း
ဖားခုံစနစ် စိုက်တာက ပိုကောင်းတယ်။ အရွက်တွေ မထပ်တော့ဘူး။ တစ်တန်းက ၁၆ပေခြား စိုက်ပြီး ဒုတိယအတန်းကို ချန်ထားပြီး။
တတိယအတန်းကို ပထမအတန်းနဲ့ အတည့်စိုက်ပါ။ ကြားခန်ချန်ထားတဲ့ ဒုတိယတန်းကို စိုက်တဲ့အခါ ပထမအတန်းနဲ့ တတိတန်းနဲ့ အပင်မတည့်အောင် အလည်ကြားမှာ စိုက်ရပါတယ်။
အုန်းချိုမွှေးကို ၉၁၈ လက်မပြိုးအိတျမှာ ၃လလောက် အရင်ပျိုးပြီးမှ စိုက်ခင်းမှာချစိုက်တာ ပိုကောင်းတယ်။
(၁) ပျိုးအိတ်မှာ နွားချေး၁ဆ၊ မြေပွ ၁ဆ၊ စပါးခွံ ၁ဆ၊ စပါးမီးသွေး ၁ဆ ရောစပ်ပြီးထည့်ရမယ်။
(၂) အုန်းသီးပင်ပေါက်အလုံးဖင်ကို ပျိုးတဘက်ဘက်ကို ကပ်ရမယ်။ အမြစ်က အလည်မှာ ရှိအောင်ဖြစ်တယ်။ အုန်းပင်ကို ၄၅ ဒီဂရီစောင်းထည့်ရမယ်။အုန်းသီးအလုံးကို ၃ ပုံ ၁ ပုံ ဖေါ်ထားရမယ်။ အပင်အရင်းကို မမြှုပ်ရဘူး။
(၃) ပျိုးအိတ်မှာ ပျိုးထားတဲ့ အုန်းပင်တွေကို စီထားပြီး တစ်ရက်တစ်ခါရေလောင်းပေးရမယ်။
(၄) စိုက်ခင်းမှာ မြေကျဉ်းတူးတဲ့အခါ အုန်းပင်ချစိုက်လို့ရတဲ့ ကျဉ်းသာသာ အကျယ်တူးပါ။ စိုက်ပြီး အုန်းပင်မြေပြင်ပေါ် ရောက်နေမယ့် အနေအထား အနက်ပဲတူးပါ။
(၅) စိုက်ကျဉ်းနှုတ်ခမ်းမှာ အုန်းပျိုးပင်ကို ချပြီး ပျိုးအိတ်ဖင်ကို အရင်ဖွင့်ပါ။
(၆) မြေကျဉ်းမှာ ချတဲ့အခါ နေထွက်တဲ့ဘက်ကို ၄၅ ဒီဂရီ စောင်းချပါ။
(၇) ပျိုးအိတ်အစောင်းဘက် ပျိုးအိတ်ဘေးကို ဓါးနဲ့ခွဲပါ။
(၈) တူးထားတဲ့မြေကြီးပေါ်ကို နွားချေးခြောက်ဖြန့်ထည့်ပါ။
(၉)နွားချေးနဲ တူးမြေကိုဆွပြီး အုန်းပင်ကို ပတ်ပတ်လည်မှာ မြေဖြည့်ထည့်ပါ။ အပင်အရင်းကို မြေမအုပ်လိုက်ရဘူး။ အပင်အရင်း မြေမြှုပ်ရင် အပင်မတက်တော့ဘူး။
(၁၀)ရေချွဲနေအောင် လောင်းပါ။
(၁၁) ပျိုးအိတ်ကို တဖြေးဖြေး ဆွဲထုပ်ပါ။ ဒီနည်းက အပင်အမြစ်ကို မနာစေဘူး။
(၁၂)အုန်းပင်ပတ်ပတ်လည်ကို ကောက်ရိုးနဲ့ အုပ်ထားပါ။ ရေအစိုဓါတ် ထိန်းပေးဖို့ဖြစ်တယ်။
(၁၃) ၃လတစ်ကြီး နွားချေး၊ ကြက်ချေး၊ သစ်ရွက်ခြောက်၊ စပါးမီးသွေး တစ်ဆစီရောပြီး အပင် အရင်းနဲ့ခွာပြီးမြေကိုတူးဆထည့်ပေးရမယ်။ ပင်ပတ်ပတ်လည် ကျဉ်းပေါက်တွေတူးပြီး မြေသြဇာ ထည့်ပေးရင်ပိုကောင်းတယ်။
အပင်ကြီးလာရင် ကြီးလာသလို မြေသြဇာကို ခွာပြီးပေးရမယ်။အပင်အမြစ်တွေ များများဖျာထွက်လေအပင်ကြီးနှုန်းကောင်းလေဖြစ်ပါတယ်။
(၁၄)ရေလောင်းနည်းကတော့ မြေကြီးက ရေစုပ်အားပေါ် မူတည်ပြီး ပေးရပါမယ်။ ပထမအကြိမ် ရေအဝလောင်းပါ။ ၁ ရက် ၂ ရက်တစ်ခါ မြေကြီးကို ကလှော်ကြည့်ပါ။
ရေအစိုဓါတ် ရှိနေရင် လောင်းစရာမလိုသေးဘူး။ ရေအစိုဓါတ် နည်းသွားတဲ့ ရက်အကြာကိုသတ်မှတ်ပြီး ဘယ်နှစ်ရက်တစ်ခါ ရေလောင်းမလဲဆိုတာကို သတ်မှတ်ရမယ်။
(၁၅)အရွက်တွေကို လုံးဝမဖြစ်ရဘူး။ အရွက်က မြေသြဇာ အစာချက်လုပ်ပေးတယ်။ အရွက်နည်းရင် အစာချက်နည်းပြီး အပင်မတက်နိုင်ဘူးဖြစ်မယ်။
အပင်အရင်က အလက်ခြောက်တွေကိုလည်း မဖယ်ဖြစ်ရဘူး။ အပင်ရဲ့အစိုဓါတ်ကို ထိန်းထားပေးတာ ဖြစ်တယ်။
(၁၆)ရေနဲ့မြေသြဇာကို ပုံမှန်ပေးမယ်ဆိုရင် ၂နှစ်ခွဲ ၃နှစ်မှာ စသီးပါမယ်။
အုန်းပင်က အုန်းသီး အုန်းလက် အုန်ခွံ အုန်းမှုတ် အုန်းပင်သစ်သားထုတ်နိုင်လို့ အကုန်ရောင်းလို့ရတဲ့ သီးနှံပင်ဖြစ်တယ်။
ထိုင်းနိုင်ငံက စိုက်ပျိုးရေးပညာရှင် ဦးထုံးချနရဲ့စိုက်ပျိုးနည်းဖြစ်ပါတယ်။
Credit:IQ win myint.
----
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်

12/08/2024
22/12/2023

42 Best Awning Ideas To Make Your Patio Everyone's Favorite Outdoor Living space

13/12/2023

42 Best Relaxing Waterfront Hut Ideas to Steal For Yourself

Address

#33 B, Khayae Myaing Lane, Inya Myaing Road
Bahan Township

Website

Alerts

Be the first to know and let us send you an email when Highsee12 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share